သံခေါင်းစွပ်မင်းသား

ဒဂုန်ရွှေများ

900 Kyats ကျပ်
ဆရာဒဂုန်ရွှေမျှားရဲ့ ဝတ္ထုရှည်တွေထဲကမှ နာမည်ကျော်ကြား လူကြိုက်များတဲ့ ဂန္ထဝင်ဝတ္ထုရှည်တစ်ပုဒ်။ ‘သံခေါင်းစွပ်မင်းသား’ ဆိုတဲ့ ဒီဝတ္ထုကြီးရဲ့ နောက်ခံအခင်းအကျင်းကလည်း စိတ်ဝင်စားစရာပါပဲ။ ဆရာဒဂုန်ရွှေမျှားရဲ့ မိတ်ဆွေဖြစ်တဲ့ ကျောက်စာဝန် ကိုဘသော်ဆိုသူ တွေ့ရှိခဲ့တဲ့ သံသေတ္တာဟောင်းထဲက သံခေါင်းစွပ် လူဦးခေါင်းခွံရိုးနဲ့ ရှေးဟောင်းစာဝါကျတွေ ရေးထားတဲ့ ပေစာထုပ်တစ်ထုပ်။ ဒီပေစာထဲမှာ ရေးထားတဲ့ အဖြစ်အပျက်တွေက စိတ်ဝင်စားစရာ၊ ကျောချမ်းစရာ၊ အံ့သြစရာ၊ တုန်လှုပ်စရာ၊ ဝမ်းနည်းစရာ … ခံစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒဏ္ဍာရီဆန်ဆန် မှတ်တမ်းတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။ မြန်မာရာဇဝင်မှာ သမိုင်းမှတ်တမ်းရယ်လို့ ထင်ထင်ရှားရှား မရှိခဲ့တဲ့ အတ္ထုပ္ပတ္တိတစ်ပုဒ်။ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခု။ ဇေယျသိင်္ခမြို့ကြီး စည်ကားခဲ့စဉ်က သက်တော်ရှည်အမတ်ကြီးအဖြစ် အမှုတော်ထမ်းခဲ့တဲ့ အမတ်ကြီး ဗလကျော်စွာက မှတ်တမ်းတင် ရေးထိုးခဲ့တဲ့ ပေစာထုပ်ထဲက အဖြစ်အပျက်တွေက စာဖတ်သူကို အစကနေ အဆုံးထိတိုင် ဆွဲဆောင်သွားမှာ သေချာပါတယ်။ ဇေယျသိင်္ခနန်းမြို့ကို အုပ်ချုပ်ရတဲ့ ဘုရင်ကလေးနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ မောင်နာဂဆိုတဲ့ တောတွင်းသားလေးတစ်ဦး၊ ဇေယျသိင်္ခ နန်းတွင်းအရှုပ်တော်ပုံ၊ အမတ်ကြီး ဗလကျော်စွာ၊ နန်းတွင်းကိစ္စတွေကို ကြိုးကိုင်နေတဲ့ မင်းလက်ဝဲ၊ အချစ်အတွက် အသက်စွန့်ဝံ့တဲ့ ကချေသည်မလေး မယ်ရူပ၊ ဘုရင်ကလေးနဲ့ လူချင်းလဲပြီး အသက်စွန့် အမှုတော်ထမ်းခဲ့တဲ့ မောင်နာဂရဲ့ စွန့်စားခန်းတွေ၊ စတဲ့စတဲ့ ဖြစ်ရပ်တွေက ဖတ်ရင်းဖတ်ရင်း ဝမ်းသာ၊ ဝမ်းနည်းမှုတွေ၊ စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာတွေနဲ့ ရောယှက်နေတာမို့ ဒီလို စာအုပ်ကောင်းတစ်အုပ်ကို ကျော်မသွားရအောင် လက်တို့လိုက်ပါတယ် စာချစ်သူတို့ရေ။