မြေပဒေသာ

ဒဂုန်ခင်ခင်လေး

600 Kyats ကျပ်
ဒီဝတ္ထုကို အမေရိကန် စာရေးဆရာကြီး ‘ပါးလ်ဘတ်’ က ရေးတယ်။ (၁၉၃၁) ခုနှစ်အတွက် အကောင်းဆုံးဝတ္ထု အဖြစ် သတ်မှတ်ခံရပြီး အမေရိကန်မှာ ‘ပူလစ်ဇဆု’ ချီးမြှင့်ခံရတယ်။ ဒီဝတ္ထုဟာ ဒါလောက်တင် မကသေးဘူး။ ကမ္ဘာ့စံပြဝတ္ထု အဖြစ်လည်း သတ်မှတ် ပြောဆိုကြတယ်။ ဒီဝတ္ထုကို MGM အမေရိကန် ရုပ်ရှင်ကုမ္ပဏီကြီးက ရုပ်ရှင် ရိုက်ကူးတဲ့အခါ တစ်ကမ္ဘာလုံးမှာ တော်တော်လေး ကျော်ကြား ထင်ရှားသွားတယ်။ ရုပ်ရှင်ပေါက်လို့ ဝတ္ထုပါ လိုက်ပေါက်တာ မဟုတ်ဘဲနဲ့ သူ့ နဂို ဝတ္ထုကိုက နာမည်ရပြီးသား ဖြစ်နေတာပါ။ မြန်မာပြန်ဆိုထားသူ ဆရာမကြီး ဒဂုန်ခင်ခင်လေးကတော့ ဒီစာအုပ်ကို ထုတ်ရတာ ရည်ရွယ်ချက် (၂) ခု ရှိတယ်လို့ ပြောတယ်။ ပထမအချက်က - ၁။ ‘ဝမ်လန်း’ ဆိုတဲ့ တရုတ်ဆင်းရဲသား တယောက်အနေနဲ့ သူ နေတဲ့ မြေကြီးကို လုံးဝ အမှီပြု အားကိုးပြီး လောကဓံကို ရင်ဆိုင်နိုင်တဲ့အကြောင်း၊ ပြောချင်တာက ‘မြေ’ ဟာ ဘယ်လောက်ထိ အရေးပါတယ် ဆိုတာကို မြင်မိလိမ့်မယ်။ ဒုတိယတစ်ချက်ကတော့ - ၂။ တရုတ်လူမျိုးနဲ့ တရုတ်ပြည်ကြီးရဲ့ အကျိုးအကြောင်း အယူအဆနဲ့ ဓလေ့ထုံးစံတွေ၊ အောင်မြင် သူတို့ ဘယ်လိုလုပ်သလဲ ဆိုတာကို မြင်မိအောင် ပြထားတာ တွေ့ရလိမ့်မယ်။ အရမ်းဖတ်လို့ကောင်းတဲ့ ဝတ္ထုဖြစ်တာမို့ ဝန်ဇင်းပရိသတ်ကြီးလည်း ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။