ဆရာမ

ဒဂုန်ခင်ခင်လေး

600 Kyats ကျပ်
✨ တိုင်းကျော်၊ ပြည်ကျော် နာမည်ပျက်ရှိတဲ့ ဆရာမလေး ‘ညွန့်မေ’။ သူက နာမည်ပျက်သာရှိတာ ဆရာစိတ်တော့ အပြည့်အဝရှိတယ်။ သည်းခံနိုင်စွမ်းနဲ့ အသင်အပြ အရမ်းကောင်းတယ်။ ရုပ်ရည်ကလည်း ပြောစရာမရှိ။ ဒါပေမဲ့၊ အားလုံးက သူ့ကိုရွံရှာကြတယ်။ တခြားသူတွေလို မဟုတ်ဘဲ၊ ချစ်မိနေသူကတော့ ‘ထွန်းလွင်’။ သူက ပညာတတ်၊ တည်ငြိမ် ခန့်ညားတဲ့ ကျောင်းဆရာ။ ‘ထွန်းလွင်’ ကိုသဘောကျ၊ ချစ်ခင်ပေမယ့် ဆရာမလေး ‘ညွန့်မေ’ က လက်မခံခဲ့ဘူး။ သူ့နာမည်ပျက်ကြောင့် ‘ထွန်းလွင်’ ကိုလည်း ဒုက္ခမရောက်စေချင်ဘူးတဲ့လေ။ မျက်နှာမွဲ တစ်ကောင်ကြွက်ဆရာမလေး ‘ညွန့်မေ’ မှာ ဘယ်လိုများ နာမည်ပျက်ကြီးရှိနေတာလဲ? ဘယ်သူတွေကြောင့် နာမည်ပျက်သွားရတာလဲ? ‘ထွန်းလွင်’ နဲ့ ‘ညွန့်မေ’ တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကရော ဘယ်လိုမျိုး ဆက်လက် ဖြစ်တည်နေနိုင်မလဲ ဆိုတာကိုတော့ စာချစ်သူတို့ ရင်ဘတ်နဲ့သာ ခံစားဖတ်ရှုကြည့်လိုက်ပါတော့ဗျာ။