ကချေသည်

ဒဂုန်ခင်ခင်လေး

600 Kyats ကျပ်
>> ကချေသည်မလေး ‘မြင့်’။ သူကငယ်ငယ်ကတည်းက အရုပ်တွေနဲ့ကစားရတာ၊ အရုပ်တွေကို အင်္ကျီဆင်ပေးရတာကို အင်မတန်သဘောကျတယ်။ အဲဒီကချေသည်မလေးဟာ အောင်မြင်နေစအချိန်မှာပဲ အိမ်ထောင်ပြုခဲ့တယ်။ အိမ်ထောင်ကျပြီးတော့ သူဟာ ပွဲလမ်းသဘင်တွေကို မသွားတော့ဘူး။ ငယ်ငယ်တုန်းက အရုပ်ကလေးတွေကို အဝတ်အစားဆင်ပေးရတာ သဘောကျတဲ့သူက အိမ်ထောင်လည်း ပြုပြီးရော သားသမီးလိုချင်လာရော။ အရုပ်ကလေးတွေကို တယုတယထားသလို ထားချင်လာရော။ ဝမ်းနည်းစရာကတော့၊ သားသမီး တစ်ယောက်မှ မထွန်းကားခဲ့ဘူး။ >> တစ်နေ့ အလုပ်ကိစ္စနဲ့ ရန်ကုန်လာတုန်း ကချေသည်မလေးဟာ ဘယ်ကမှန်းမသိတဲ့ ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်မိခဲ့တယ်။ နောက်တော့၊ ကလေးလေးတစ်ယောက်ရခဲ့တယ်။ တကယ်တမ်း အဖြစ်မှန်မှာတော့ ကချေသည်မလေးရဲ့ လင်ယောက်ျားက ကလေးမရနိုင်ဘဲ မြုံနေတယ်ဆိုတာကို ဖွင့်ပြောလာတဲ့အခါမှာတော့ ... ဘယ်သူတွေ ဘယ်လိုဆုံးဖြတ်ချက်ချပြီး သူတို့ဘဝ ဘယ်လိုတွေ ရှေ့ဆက်ကြလိမ့်မလဲ ......