ဆေးဖက်ဝင် အာဟာရနှင့် လူတိုင်းအတွက် ကာယပညာ

ထင်အောင်

600 Kyats ကျပ်
အာရောဂျံ ပရမံလာဘံ ဆိုတဲ့စကားအတိုင်း လူတိုင်းအတွက် ကျန်းမာရေးဟာ အရေးပါလှတဲ့ အကြောင်းကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။ ကျန်းမာခြင်းနဲ့ ပြည့်စုံမှ ကျန်တဲ့ လောကရေးရာ အဖြာဖြာကို အောင်မြင်ပျော်ရွှင်စွာ ဆောင်ရွက်ခံစားနိုင်မှာ မဟုတ်ပါလား။ လူသားတိုင်းဟာ ကျန်းမာပြည့်စုံတဲ့ ဘဝနေထိုင်မှုကို လိုလားကြတဲ့အတွက် ကျန်းမာရေးအသိ၊ ကျန်းမာရေး ဗဟုသုတဆိုတာလည်း လူသားတိုင်း သိနားလည်ထားဖို့ လိုအပ်တဲ့ ကိစ္စပါပဲ။ ယခု ဆရာထင်အောင် (ကာယပညာ တက္ကသိုလ်) ရေးသားပြုစုတဲ့ ဆေးဖက်ဝင် အာဟာရနှင့် လူတိုင်းအတွက် ကာယပညာ ဆိုတဲ့ စာအုပ်ကတော့ ကျန်းမာလိုသူတိုင်း၊ ကျန်းမာရေး ဗဟုသုတ အသိပညာ လေ့လာသိရှိလိုသူတိုင်း ဖတ်ရှုပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို ပြုစုရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ လူရဲ့ ခန္ဓာကိုယ် ကျန်းမာရေး ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အစာအာဟာရနဲ့ ဆောင်ရန် ရှောင်ရန် အစားအစာတွေ၊ ကာယလေ့ကျင့်မှု လေ့ကျင့်ခန်းတွေအကြောင်း စုံစုံလင်လင် ဖတ်ရှုကြရမှာပါ။