သွေးသည် အသက်

ဖြိုးသစ္စာ

300 Kyats ကျပ်
သွေးသည်အသက်၊ အသက်သည်သွေးတဲ့ … ကျွန်တော်တို့အားလုံး ဒီစာကိုမြင်ဖူး ဖတ်ဖူးကြလိမ့်မယ် ထင်ပါတယ်။ အများဆုံး မြင်ဖူးဖတ်ဖူးတာတော့ ဆေးရုံတွေ၊ သွေးလှူဘဏ်တွေ၊ သွေးလှူပွဲတွေမှာပေါ့။ ဟုတ်ပါတယ်။ သွေးလှူခြင်းက တကယ်ကို မွန်မြတ်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုပါ။ ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသက်သွေးကို တခြားလူအသက်ရှင်ဖို့၊ တခြားလူရဲ့ ကျန်းမာရေးကို အထောက်အကူပြုဖို့ လှူဒါန်းရတာ ဘယ်လောက်အထိ ပီတိဖြစ်ဖို့ကောင်းလိုက်သလဲ။ အဲဒီလိုပီတိမျိုး၊ စေတနာမျိုးကို ဒီစာအုပ်ဖတ်ရင်း ကြည်နူးစွာ ခံစားမိရမှာ အမှန်ပါပဲ။