ရွှေနိုင်ငံသစ်မှာ

ထက်ကျော်

600 Kyats ကျပ်
ရွှေနိုင်ငံသစ်။ ဒီမိုကရေစီခေတ်သစ်ကို ကိုယ်စားပြု တင်ဖွဲ့လိုက်တဲ့ ဝေါဟာရတစ်ခု။ (၂၀၁၃)၊ ဧပြီလ (၁) ရက်နေ့ကစပြီး ပုဂ္ဂလိက သတင်းစာတွေ ထုတ်ဝေခွင့်ပြုခဲ့ချိန်က စာနယ်ဇင်း ပုဂ္ဂိုလ်၊ ကလောင်ရဲဘော်တချို့ ပေါင်းစုထုတ်ဝေခဲ့တဲ့ ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ။ အားကျိုးမာန်တက် ကြိုးစားခဲ့ကြပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် (၁၂) လတိတိပဲ ထုတ်ဝေခွင့်ရခဲ့တဲ့ ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာမှာ ကလောင်စွမ်းပြခဲ့တဲ့ ဆရာထက်ကျော်ရဲ့ ဆောင်းပါး (၄၅) ပုဒ်ကို ထုတ်နှုတ်ပြီး ‘ရွှေနိုင်ငံသစ်မှာ’ ဆိုတဲ့ ဒီစာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ဆရာထက်ကျော်ရဲ့ ရိုးရှင်းစွာ တင်ပြခဲ့တဲ့ ဆောင်းပါးတွေဟာ သမိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံရေးဆိုင်ရာတွေ၊ လူမှုရေးနဲ့ စီးပွားရေး ပြဿနာတွေ၊ နိုင်ငံတော်သစ် အတွေးအမြင်တွေ ပါဝင်ပြီး ဒီဆောင်းပါးတွေက ပြည်သူလူထုရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ အတွေးအခေါ်တွေကို တိုးတက်ပြောင်းလဲစေဖို့ တွန်းအားအနေနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ခဲ့တာတော့ ငြင်းလို့မရနိုင်ပါဘူး။ စတုတ္ထမဏ္ဍိုင်ရဲ့ ဆောင်းပါးစစ်စစ်တွေကို ပြည်သူလူထု စာဖတ်သူအနေနဲ့ တစ်စုတစ်စည်းတည်း ဖတ်ရှုပြီး တွေးခေါ်သုံးသပ် ဆုံးဖြတ်စဉ်းစားကြရအောင်။