သတိဝင္မဖတ္ရ

တုနှိုင်းမဲ့ (သစ္စာ)

200 Kyats ကျပ်
သော်တာတစ်ယောက် ဘာမှမပြောဘဲ လက်ညှိုးညွှန်ပြသည်မို့ စုရေချယ် လှမ်းကြည့်လိုက်မိသည်။ သူလည်း သော်တာနည်းတူ အံ့သြမှင်သက်သွားရသည်။ ပြိုကျသွားသည့် စာအုပ်စဉ်နောက်တွင် နံရံတွင် တစ်ဝက်နစ်ဝင်နေသည့် စာအုပ်တစ်အုပ်ကြောင့်ပင်။ စာအုပ်မှာ အရောင်အနည်းငယ်ထွက်နေသည်မို့ ပို၍ထူးခြားနေ၏။ နှစ်ယောက်သား စာအုပ်ကို ဆွဲထုတ်လိုက်သည်။ စာအုပ်မှာ အညိုရောင်။ အနည်းငယ်ထူသည်။ တစ်ချက်တစ်ချက်အလင်းရောင် စူးစူးထွက်နေသည်။ စာအုပ်အရှေ့ဘက် မျက်နှာတွင် ရေးထားသည့်စာကြောင့် ပို၍ စိတ်ဝင်စားစရာကောင်းနေပြန်သည်။ "သတိ ဖွင့်မဖတ်ရ" ဤစာအုပ်ကို ကြောက်တတ်သူများ မဖတ်ရ။ လောဘကြီးသူများ မဖတ်ရ။ ဖတ်မည်ဆိုပါက ဘေးတွေ့တတ်သည်။ ဤစာအုပ်ကို ကောင်းကျိုးအတွက် အသုံးချတတ်မှသာ ဖတ်ပါ။ မှတ်ချက်။ ။တစ်ယောက်တည်းရှိနေချိန် ည(၉)နာရီတွင်သာ ဖတ်ပါ။