နန်းကျော့ရှင်နှင့် သွေးစုပ်မြေ

တုနှိုင်းမဲ့(သစ္စာ)

အခမဲ့
ဒီတစ်ခေါက် ခရီးစဉ်အတွက် ဆရာမနန်းကျော့ ဘာမှ အသိပေးထားခြင်း မရှိ။ ဆရာမနန်းကျော့နဲ့ ကျွန်မ နှစ်ယောက်တည်း ရှိတော့တာဆိုတော့ ညီမလေးကို သတိရနေမိတယ်။ ဒါပေမဲ့၊ သူကောင်းဖို့ အတွက်ပဲလေ။ ကျွန်မဘဝက ဆရာမနန်းကျော့ရှင်နှင့်သာ ကုန်ဆုံးဖို့ ဆုံးဖြတ်ထားခဲ့ပြီးပြီ။ အန္တရာယ် အဆိုးအကောင်း မှန်သမျှ ရင်ဆိုင်မယ်။ ကျွန်မ ခရီးလမ်းတစ်လျှောက် စဉ်းစားနေမိသည်မှာ အချိန်အတော်ကြာသွားပြီ။ ဗိဿနိုးမြို့ဟောင်းမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို လှမ်းမြင်နေရတယ်။ ကျွန်မလည်း သိချင်တဲ့ အကြောင်အရာများကို ဆရာမနန်းကျော့သာ မေးရ၏။ အတန်းပညာ မတက်ရပေမဲ့ သိချင်သည့် အကြောင်းအရာ အားလုံး ဆရာမနန်းကျော့ကို မေးရတယ်။ ဆရာမနန်းကျော့သည်လည်း ဗဟုသုတ ကြွယ်ဝလှပြီး သိချင်တာမှန်သမျှ အသေးစိတ် ပြောပြတတ်တယ်။