စုန်းရွာသို့ အလည်တစ်ခေါက်

တုနှိုင်းမဲ့(သစ္စာ)

200 Kyats ကျပ်
နှစ်တစ်နှစ် ကုန်ဆုံးခါနီးဖြစ်တဲ့ ဒီဇင်ဘာလမှာ နှင်းဆီတို့ မိသားစု (၄) ဦးစလုံး တညီတညွတ်တည်း တိုင်ပင်ပြီး ခရီးထွက်ဖို့ စီစဉ်ဖြစ်ခဲ့ကြတယ်။ ဖခင်ဖြစ်သူရဲ့ ဇာတိဖြစ်တဲ့ ပေါင်းတည်မြို့ကလေးကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ကားလေးတစ်စီးနဲ့ ခရီးထွက်လာကြတဲ့ သူတို့မိသားစုလေးအတွက် ဒီခရီးက သိပ်ပျော်စရာကောင်းမယ့် ခရီးလို့ နှင်းဆီ ယုံကြည်ခဲ့တယ်။ အေးချမ်းသာယာနေတဲ့ ညအမှောင်ထဲ သူတို့မိသားစုကို တင်ဆောင်လာတဲ့ ကားကလေး အဝေးပြေးလမ်းပေါ် ပြေးလွှားနေချိန်မှာ နှင်းဆီတစ်ယောက် အိပ်မောကျသွားပြီး အိပ်မက်ဆိုးတစ်ခု မက်ခဲ့တော့တယ်။ အဲဒီနောက် … နှင်းဆီ လန့်နိုးလာချိန်မှာတော့ သူတို့ကားလေးဟာ ပျက်နေခဲ့ပြီး လမ်းဘေးမှာ ထိုးရပ်နေပြီ ဖြစ်ပါတယ်။ အဲဒီကစလို့ ထိတ်လန့်စရာ အဖြစ်တွေ တစ်ခုပြီးတစ်ခု နှင်းဆီတို့မိသားစု ဘယ်လို ကြုံတွေ့ရမလဲ ဆိုတာ