သင်္ချိုင်းရှင်မနဲ့ တစ်ညတာ

တုနှိုင်းမဲ့(သစ္စာ)

300 Kyats ကျပ်
ချောက်ချောက်ချားချား ပရဆန်းကြယ်ဇာတ်လမ်းမျိုး ဖတ်ချင်ကြသူတွေအတွက် မဖဲဝါပါဝင်တဲ့ ဒီဇာတ်လမ်းက ကျောချမ်းတုန်လှုပ်စရာ ခံစားမှုတွေနဲ့ ဖတ်ကြရမယ့် စာအုပ်ပါ။ သင်္ချိုင်း သုဿာန်တို့ရဲ့ အရှင်မ၊ ပရလောကသားတို့ရဲ့ အထွဋ်အထိပ်၊ နာနာဘာဝလောကရဲ့ ဆယ်လီကြီး မဖဲဝါတစ်ယောက် ဒီဇာတ်လမ်းမှာ ဘယ်လို ပွဲကြမ်းဦးမလဲ … ဓနုဖြူနယ်ဘက်က ရွာကလေးတစ်ရွာဆီ လေ့လာရေးခရီး ထွက်လာခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတစ်စု၊ ရွာပြင်ဘက်က မဟာစံအိမ်ဆိုတဲ့ အိမ်ကြီးမှာ တည်းခိုကြတဲ့ ည။ အိမ်ကြီးရဲ့ ဘေးတစ်ဖက်မှာ သင်္ချိုင်းတစ်ခုက ထီးတည်းကြီး ရှိနေတယ်။ အဲဒီညမှာ ကျောင်းသားကျောင်းသူ သူငယ်ချင်းအချင်းချင်း စကြနောက်ကြရာကနေ ထင်မှတ်မထားတဲ့ ကြောက်လန့်စရာ အဖြစ်အပျက်တွေနဲ့အတူ သင်္ချိုင်းရှင်မ မဖဲဝါနဲ့ ထိပ်တိုက်တိုးကြတဲ့အခါမှာတော့ … ။