ဝိညာဉ်လုပွဲနှင့် မရဏပြေးလမ်း အပါအဝင် ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုများ

တုနှိုင်းမဲ့(သစ္စာ)

800 Kyats ကျပ်
ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေကိုမှ စိတ်ဝင်တစားနဲ့ အသက်ရှူရပ်မတတ် ဖတ်ချင်ကြတဲ့ စာချစ်သူတွေအတွက် တုနှိုင်းမဲ့(သစ္စာ) ရေးသားတဲ့ ဒီစာအုပ်လေးက စိတ်အဆာပြေစေမယ် ထင်ပါတယ်။ “ဝိညာဉ်လုပွဲနှင့်မရဏပြေးလမ်း” တဲ့။ ဖတ်ဖူးနေကြ သရဲတစ္ဆေဇာတ်လမ်းမျိုး မဟုတ်ဘဲ စုန်းကဝေတွေ၊ အောက်လမ်းပညာတွေ၊ သရဲမွေး အပင်းကျွေး အဖြစ်အပျက်တွေကို ပုံဖော်ထားတဲ့ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေကို ဖတ်ရှုရမှာပါ။ ဘယ်လို ဇာတ်လမ်းဆင် ရေးဖွဲ့ထားပြီး ဘယ်လောက်အထိ စိတ်ဝင်စားစရာ ကောင်းမလဲဆိုတာတော့ ဒီ စာအုပ်ကို ကိုယ်တိုင်သာ ဖတ်ကြည့်လိုက်တော့နော်။