မရဏခေါ်သံနှင့် ဖြစ်ရပ်ဆန်းကြယ် ဂမ္ဘီရ ဝတ္ထုတိုများ

တိမ်လွှာမိုး

800 Kyats ကျပ်
ဂမၻီရ။ နက်နဲတဲ့ ဖြစ်စဉ်၊ ထူးခြားဆန်းပြားတဲ့ ဖြစ်ရပ်တွေက လောကမှာ သာမန်လူတွေရဲ့ ဥာဏ်မျက်စိနဲ့ လိုက်မမီနိုင်အောင် များပြားလှပါတယ်။ ဖြစ်ရိုးဖြစ်စဉ် အခြေအနေကနေ ခွဲထွက်ပြီး အံ့သြဖွယ်၊ ထူးဆန်းဖွယ်၊ ထိတ်လန့်ဖွယ်၊ ချောက်ချားဖွယ်၊ အကြောင်းခြင်းရာတွေက လူတွေရဲ့ နိစ္စဓူဝ နေထိုင်မှုထဲက ဖြစ်ရပ်တွေထက် ဆန်းကြယ်နေတာမို့ စိတ်ဝင်စားစရာတော့ ကောင်းလှပါတယ်။ ဒီလို ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေကို ခေတ်အဆက်ဆက် စာရေးဆရာတွေကလည်း ဝတ္ထုဇာတ်လမ်းတွေအဖြစ် ဖန်တီးပုံဖော်ခဲ့ကြတာမို့ ဂမ္ဘီရ ရသလိုင်းကလည်း စာဖတ်သူတွေ အကြိုက်တွေ့ကြရတဲ့ စာပေ အမျိုးအစားတစ်ခုပဲ မဟုတ်ပါလား။ အခု မိတ်ဆက်ပေးမယ့် စာအုပ်လေးကလည်း ဒီသဘောပါပဲ။ မရဏခေါ်သံနှင့် ဖြစ်ရပ်ဆန်းကြယ် ဂမ္ဘီရဝတ္ထုတိုများ … တဲ့။ စာချစ်သူတို့အတွက် စိတ်ဝင်စားစရာ ဖြစ်စေမယ့် ဝတ္ထုတိုတွေကို စုစည်းထားတဲ့ ဒီစာအုပ်ထဲမှာတော့ အံ့အားသင့်စရာ၊ မယုံနိုင်စရာ၊ ရင်ထိတ်စရာ၊ ရသတွေကို ခံစားကြရမှာပါ။ ရွှေတိဂုံစေတီတော် ဌာပနာတိုက်ထဲကို ရောက်သွားသူ၊ နတ်ပြည်နဲ့ ငရဲပြည်ကို အလည်ရောက်ဖူးသူ၊ စိုးစံဆိုတဲ့ မိန်းကလေးတစ်ယောက် အကြောင်းကလည်း သတိသံဝေဂယူဖွယ်၊ ထိတ်လန့်တုန်လှုပ်ဖွယ်၊ ခံစားမှုတွေနဲ့ ဖတ်ကြရမယ့် ဝတ္ထုပါပဲ။ ဒီလို စိတ်ဝင်စားစရာ ဂမ္ဘီရဆန်းကြယ် ဝတ္ထုတိုတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် မတူကွဲပြားတဲ့ ရသတွေနဲ့ ဖတ်ကြရမယ့် စာအုပ်လေးမို့ စာချစ်သူတို့ကို လက်တို့ညွှန်းဆိုလိုက်ပါတယ်နော်။