မဖဲဝါ မဝင္ရ

တာတေ

500 Kyats ကျပ်
ဒီဇာတ်လမ်းထဲမှာတော့ တာတေက နုသေးတယ်လို့ ပြောရမယ်။ မဖဲဝါအကြောင်းလည်း သိပ်မသိသေးဘူးလေ။ ဟိုစပ်စပ်၊ ဒီစပ်စပ် စိတ်ဝင်စားနေတုန်း အရွယ်ပေါ့။ တာတေတစ်ယောက် သူ့အဘနဲ့ ခရီးသွားတုန်းတွေ့ကြုံ ကြားသိရတဲ့ဟာတွေကို ပြန်ပြောပြထားတယ်။ ရုက္ခစိုးအကြောင်းတွေ၊ အခေါင်းတွေကို မြင်းလုပ်စီးတဲ့ ကျတ်ရွာအကြောင်းတွေ စုံလို့ပါပဲ။ ဖတ်နေရင်း ကျက်သီးတဖြန်းဖြန်းထ၊ ဖတ်လို့ကလည်း အင်မတန်ကောင်းတယ်။ အဲဒီလိုအဖြစ်အပျက်တွေထဲမှာမှ မဖဲဝါဝင်မွှေလို့ ဒုက္ခရောက်ရတဲ့ ရွာကြီးနဲ့ ဆရာကောင်းတစ်ယောက်ဝင်ကယ်လို့ ရွာကို မဖဲဝါဝင်လို့မရတော့တဲ့အကြောင်းကတော့ အမိုက်ဆုံးပဲ။ အပျင်းပြေ ဖတ်သာကြည့်တော့ဗျို့!