မဖဲဝါကိုမုန်းတဲ့စုန်း

တာတေ

500 Kyats ကျပ်
မဖဲဝါနဲ့ စာဖတ်ပရိသတ်တွေကတော့ ပုံစံတစ်မျိုးပြီးတစ်မျိုးနဲ့ ရင်းနှီးနေရတာပဲနော်။ ရင်းနှီးဆို ပရလောကဇာတ်လမ်းတွေမှာ သုဿာန်စောင့်မဖဲဝါက သရဲတကာ့ထိပ်ခေါင်ကြီး ဖြစ်နေတဲ့အပြင် သရဲလောကမှာ သူ့ရဲ့ အရှိန်အဝါကလည်း သေးမှ မသေးဘဲ။ စုန်း၊ ကဝေ၊ ဘီလူး၊ သဘက်၊ ဖုတ်၊ တစ္ဆေ၊ မှင်စာ၊ ကျတ်၊ ဘယ် ပရလောကသားမဆို မဖဲဝါနဲ့ ကင်းမှ မကင်းကြတာ။ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပတ်သက်နေတော့လည်း သရဲဇာတ်လမ်းတွေမှာ မဖဲဝါက ခဏခဏ ဇာတ်လိုက်ကြီး ဖြစ်နေရတာပေါ့။ ပရဝတ္ထုရေးတဲ့ စာရေးဆရာတွေကလည်း ဒီလို အထင်ကရ သရဲထိပ်သီးကြီးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရေးမကုန်နိုင်အောင် များနေတော့ သရဲစာပေပရိသတ်အနေနဲ့ မဖဲဝါကို ပုံစံအမျိုးမျိုးနဲ့ ရင်းနှီးနေကြရတာပေါ့။ အခုလည်း ဆရာတာတေရဲ့ ‘မဖဲဝါကို မုန်းတဲ့စုန်း’ ချောက်ချောက်ချားချား ညမဖတ်ရ သရဲဝတ္ထုက မဖဲဝါကို နောက်ထပ် ပုံစံတစ်မျိုးနဲ့ ပုံဖော်ထားပြန်ပါတယ်။ ဆရာတာတေရဲ့ သရဲဇာတ်လမ်းတွေကလည်း တကယ်ပီပြင်ပြီး ကြောက်စရာကောင်းတယ် မဟုတ်လား။ စာဖတ်သူကို တကယ်ပဲ သရဲအခြောက်ခံနေရတဲ့ ခံစားမှုဖြစ်အောင် ဇာတ်အိမ်ဖွဲ့ ရေးပြတတ်တဲ့ ဆရာတာတေက ဒီတစ်အုပ်မှာ မဖဲဝါကို ဘယ်လိုရှုထောင့်ကနေ မြင်ရအောင် ဖန်တီးသွားသလဲ ဆိုတာကတော့ …