တာတေ၊ မဖဲဝါနဲ့ ဖျာလိပ်နတ်မအောင်ဖြူ

တာတေ

500 Kyats ကျပ်
လူတစ်ယောက်မှာ ထူးခြားတဲ့ ပင်ကိုအစွမ်း တစ်ခုစီတော့ ရှိကြတယ်။ စကားပြောကောင်းတာက အစ၊ သူတစ်ပါးထက် သာလွန်တဲ့ စွမ်းရည်တစ်ခုခုပေါ့။ ထနောင်းကုန်းရွာက ဘွားမယ်တုံဆိုတဲ့ အဘွားကြီးမှာ သူတစ်ပါးထက် ထူးတဲ့ အရည်အချင်းကတော့ ရှေးဟောင်းနှောင်းဖြစ် အကြောင်းအရာစုံကို ဗဟုသုတကြွယ်ပြီး တခြားသူတွေကို စိတ်ဝင်စားအောင် စီကာပတ်ကုံး ပြန်ပြောတတ်တာပဲ။ ဘွားမယ်တုံ ပြောတဲ့အထဲ မြန်မာရာဇဝင်၊ ပါးစပ်ရာဇဝင်၊ တစ္ဆေ၊ သရဲ၊ ဖုတ်၊ မှင်စာ၊ ဘီလူး ပုံပြင်တွေက စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ တစ်နေ့တော့ ဘွားမယ်တုံက လူငယ်တွေကို ဖျာလိပ်နတ် မအောင်ဖြူနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းလေး တစ်ပုဒ် ပြောပြခဲ့တယ်။ အဲဒီက စလို့ တာတေရယ်၊ ဖျာလိပ်နတ် မအောင်ဖြူရယ်၊ သုဿာန်စောင့် သရဲမကြီး မဖဲဝါရယ်၊ ဘယ်လိုဘယ်ပုံ ပတ်သက်ပြီး ဘယ်လောက်အထိ ချောက်ချားရင်ထိတ်စရာကောင်းမယ့် အဖြစ်အပျက်တွေ ဖြစ်လာမလဲဆိုတာတော့ စာချစ်သူတို့ကိုယ်တိုင် ဖတ်ကြည့်မှပဲ သိလိမ့်မယ်နော်။