အချစ် ... အမုန်းတိုက်ပွဲ

တစ်ခေတ်သစ်

600 Kyats ကျပ်
Wang နဲ့ Prince က မတည့်အတူနေ သူငယ်ချင်းတွေ။ တစ်ယောက်အကြိုက်တစ်ယောက် အကုန်သိကြတယ်။ Wang က ရည်းစားသိပ်မထားပေမဲ့ Prince ကတော့ ရည်းစားအရမ်းပေါတယ်။ ငြိမ်း ဆိုတဲ့ မိန်းကလေးကလည်း Prince ကို အရမ်းကပ်တယ်။ ဒါပေမဲ့ Prince က ငြိမ်းကိုပြောထားတယ်။ သူ တစ်သက်လုံးချစ်သွားမယ့် လူက Wang ပဲရှိတယ်တဲ့။ နောက်ပြီး Wang နဲ့ တဖြည်းဖြည်းနီးစပ်လာတဲ့ Devil။ Devil က Wang ကိုမြင်မြင်ချင်း သဘောကျမိတယ်။ သူနဲ့ ငြိမ်းက အတိတ်မှာ ပတ်သက်မှုတွေ ရှိခဲ့သေးတယ်တဲ့။ ပြီးတော့ ဆောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်လည်း ရှိသေးတယ်။ သူကရော ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမှာလဲ…? ဇာတ်လမ်းဟာ အစကတည်းက ဒီလိုထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ပါ။ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဝတ္ထုထဲမှာ ဖတ်ရှုခံစားကြည့်ကြပါဦး။