ဒဏ်မနာသောအချစ်

တင့်တယ်

900 Kyats ကျပ်
ဆရာတင့်တယ်ဟာ “ကမ္မဖလ” လို ပင်ကိုရေးဝတ္ထုရှည်၊ “ရောမကို အာခံသူ”လို ဘာသာပြန် ဝတ္ထုရှည်တွေနဲ့တင်မကဘဲ ဝတ္ထုတိုအရေးအဖွဲ့နဲ့ပါ မြန်မာစာပေမှာ ထင်ရှားသူတစ်ယောက်ပါ။ ယခုဝတ္ထုတိုပေါင်းချုပ်ကတော့ ဆရာ့ရဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးအသဲစွဲလို့ ကျော်ကြားတဲ့ “မတ်တတ်ဂေါ်ရာ” လို၊ “နီနီ”လို၊ “ကြက်သရဲနှင့် မရွှေလေး” လို ဝတ္ထုတိုကောင်းတွေကို တစုတစည်းတည်း ဖော်ပြပေးထားတာပါ။ ဆရာရဲ့ ဝတ္ထု တွေကို နှုတ်ခမ်းနီမလေးတွေ အသဲစွဲ၊ ဆရာတင့်တယ်ကို နှုတ်ခမ်းနီမလေးတွေ အသဲစွဲစာရေးဆရာလို့ သူ့ခေတ်အခါက ဝိဂြိုဟ်ပြုခဲ့ခြင်းဟာ ဘာကြောင့်ဆိုတာကို ဒီဝတ္ထုတိုပေါင်းချုပ်ကို ဖတ်ပြီးရင် စာဖတ်သူများ သဘောပေါက်သွားမှာပါ။