သတင်းစာများပါ နိုင်ငံတော်လုပ်ကြံမှုနောက်ဆက်တွဲ သတင်းများ

တင်နိုင်တိုး

600 Kyats ကျပ်
သမိုင်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ မှတ်တမ်းဖြစ်သလို သင်ခန်းစာယူစရာ၊ ရှောင်ရန် ဆောင်ရန်တွေကို ဖော်ညွှန်းပြသနေတဲ့ ဒိဿပါမောက္ခလည်း ဖြစ်ပါတယ်။ အဲဒီလို သမိုင်းတွေကို မှတ်တမ်းပြုပေးနေတာကတော့ သတင်းစာတွေပါပဲ။ ဒါကြောင့် လည်း သတင်းစာများသည် သမိုင်းကို ပြောနေကြသည်။ ယနေ့ သတင်းစာသည် နောက်အနာဂတ်အတွက် သမိုင်းမှတ်တမ်း ဖြစ်သည်လို့ တင်စားကြတာပါ။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အင်မတန် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ်သမိုင်းတွေ ရှိခဲ့တာ ငြင်းပယ်လို့ မရပါဘူး။ အဲဒီထဲမှာမှ ဝမ်းနည်း ယူကြုံးမရဖြစ်ရ၊ တသသနဲ့ မေ့မရဖြစ်နေရတဲ့ သမိုင်းဇာတ်ကွက်တစ်ခုကတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံလိုက်ရခြင်းပါပဲ။ ဒါဟာ အခုအချိန်အထိ နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတွေကို ယူဆောင်လာနေဆဲ အဖြစ်ဆိုးကြီးလည်း ဖြစ်ပါတယ်။ အဲဒီလို သမိုင်း ဇာတ်ကွက်အဖြစ်ဆိုးကြီးရဲ့ နောက်ကွယ်မှာ ဇာတ်ဆရာက အကွက်ကျကျစီမံထားတဲ့ နောက်ခံကားချပ်တွေ ရှိပါတယ်။ အဲဒီ နောက်ခံကားချပ်ရဲ့ ရှုပ်ကွက် မြုပ်ကွက်တွေဟာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရအပြီး တရားခံများကို တရားစီရင်မှုကနေရော၊ နောက်ပိုင်း သတင်းစာများက ဆက်စပ်ဖော်ပြချက်တွေအရပါ ကွင်းကွင်းကွက်ကွက် သမိုင်းမှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။ ဒါတွေကို ဆရာတင်နိုင်တိုးက ပြန်လည်ဖော်ထုတ်ပေးထားတာကြောင့် သမိုင်းမှတ်တမ်းအဖြစ် လေ့လာလို့ရသလို၊ ဒီဇာတ်ကွက်တွေရဲ့ သေနတ်ယိမ်းငွေ့နောက်က ရှုပ်ကွက် မြုပ်ကွက် လစ်ဟာ ချို့ယွင်း ပေါ့ဆချက်တွေကိုပါ ကျွန်တော်တို့ ဒီနေ့ခေတ်အတွက် ဆောင်ရန်ရှောင်ရန် သင်ခန်းစာယူရန် ပြသသင်ကြားပေးနေတဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။