ကမၼဖလ

တင့်တယ်

900 Kyats ကျပ်
ဒီစာအုပ်ထဲမှာ … လူ့ဘဝရဲ့ အနိမ့်အမြင့်၊ အတက်အကျ၊ အလှည့်အပြောင်းတွေကို အလှအပဆုံး ပူးဝင်ခံစားနိုင်လိမ့်မယ်။ မကျူးလွန်ခဲ့တဲ့ လူသတ်မှု တစ်ခုအတွက် ‘မသေမချင်း ကြိုးကွင်းစွပ်၍ သတ်စေ’ ဆိုတဲ့ စက်ရှင် တရားသူကြီးရဲ့ အမိန့်ချလိုက်တဲ့အဆုံး၊ အားပါးတရ အော်ဟစ်ရယ်မောလိုက်တဲ့ ဦးကံကောင်းရဲ့ အဖြစ်တွေကို လက်ကမချချင်လောက်အောင် ဖတ်ရှုကြရမယ်။ လူခြောက်ယောက်နဲ့ ရဟန်းတစ်ပါးကို စနစ်တကျ အကွက်ချလုပ်ကြံသတ်ဖြတ်ခဲ့တဲ့တုန်းက သံသယတောင် အဖြစ်မခံခဲ့ရဘဲ မကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက်နဲ့ ကြိုးမိန့်ပေးခံရတဲ့ ကံကောင်း၊ ကံတရား အလှည့်အပြောင်းတွေကြားက ကံကောင်းရဲ့ ထူးဆန်းတဲ့ ကံအကျိုးပေးကို ပုံဖော်ထားတယ်။ ထင်မထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေ၊ မြှုပ်ကွက် လှည့်ကွက် ဇာတ်ရှိန်အတက်အကျနဲ့အတူ မျှော်လင့်မထားတဲ့ ဇာတ်သိမ်းနဲ့ စာဖတ်သူကို ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေမယ်။ ဒီစာအုပ်ဟာ ✨ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ရာဖြစ်တဲ့ ကံနဲ့ ကံအကျိုးပေးကို ရသအားပြင်းပြင်းနဲ့ ခံစားဖတ်ရှုကြရမယ့် ‘ကမ္မဖလ’ ✨ ဆရာတင့်တယ်ကိုယ်တိုင်က သူရေးခဲ့တဲ့ စာအုပ်တွေထဲမှာ သိပ်ကို အားရမိတဲ့ ဝတ္ထုတစ်ပုဒ်လို့ ဝန်ခံခဲ့တဲ့ ‘ကမ္မဖလ’ ✨ စာကောင်းပေကောင်း ဖြစ်ပေမဲ့ ‘လူသတ်တဲ့ အကြောင်းအရာတွေ များတာကြောင့်’ ဆိုတဲ့ အကြောင်းပြချက်နဲ့ စာပေဗိမာန်ဆုကနေ ပယ်ချခံခဲ့ရတဲ့ ‘ကမ္မဖလ’ ✨ ဆရာမင်းသိင်္ခက ဆရာတင့်တယ်ရဲ့ လက်ရာတွေထဲမှာ စကားလုံးတွေ၊ ဇာတ်ဝင်ခန်းတွေကို အလွတ်ရတဲ့အထိ အကြိုက်ဆုံးဖြစ်ခဲ့တယ်လို့ ဆရာတင့်တယ်ရှေ့မှာ ကိုယ်တိုင်ဝန်ခံခဲ့တဲ့ ‘ကမ္မဖလ’ ✨ လောကရဲ့ ရယ်စရာကောင်းပုံ၊ ကြောက်လန့်စရကောင်းပုံ၊ ကံတရားရဲ့ ရယ်စရာကောင်းပုံ၊ ကြောက်လန့်စရာကောင်းပုံကို ... ရင်ထိတ်စရာ၊ တုန်လှုပ်စရာ၊ ကြေကွဲဝမ်းနည်းစရာ၊ သတိသံဝေဂယူစရာ၊ အဖြစ်အပျက်တွေနဲ့ တန်ဆာဆင်မွှန်းထားတဲ့ ‘ကမ္မဖလ’ စာကောင်းပေကောင်းပီပီ ကောက်ရိုးမီးလို ဟုန်းခနဲ တောက်ရုံမဟုတ်ဘဲ ခေတ်အဆက်ဆက် အကြိမ်ကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ရသလို၊ ခေတ်တိုင်းက စာဖတ်သူတိုင်းရဲ့ ရင်ထဲ တသသ စွဲထင်ကျန်ရစ်စေခဲ့တဲ့ ‘ကမ္မဖလ’ ဝန်ဇင်းမှာ ဖတ်ရှုနိုင်ပြီ ဖြစ်တဲ့အပြင် ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်လည်း ရိုက်ကူး ပုံဖော်ထားပြီဆိုတော့ မတူညီတဲ့ ရသနှစ်မျိုးကို ခံစားနိုင်ဖို့ အခုပဲ ဒီစာအုပ်ကို ဖတ်ကြည့်လိုက်တော့နော် !