စစ္စလီကျွန်းသား

တက္ကသိုလ်နေဝင်း

1000 Kyats ကျပ်
အမေရိကန်က အီတလီအနွယ် လူဆိုးတွေ ကြီးစိုးနေတဲ့ မာဖီးယားဂိုဏ်းတွေအကြောင်း ဖွင့်ချထားတဲ့ The Godfather ဝတ္ထုနဲ့ အောင်မြင်မှုရခဲ့သူ Mario Puzo ရေးတဲ့ မာဖီးယားဂိုဏ်းတွေအကြောင်း ဒုတိယစာအုပ်။ ဒီစာအုပ်ထဲမှာ ခေတ်သစ်ရော်ဘင်ဟုလို့ တင်စားခေါ်ရမယ့် ဆင်းရဲသားတွေရဲ့ အကျိုးဆောင် စစ္စလီကျွန်းသား တောပုန်းကြီး ဂီလီယာနိုရဲ့ ဘဝဇာတ်ကြောင်း။ အမေရိကမှာ ကြီးစိုးနေတဲ့ မာဖီးယားဂိုဏ်းတွေရဲ့ ဇာစ်မြစ်ဖြစ်တဲ့ စစ္စလီကျွန်းသားတွေရဲ့ ဘဝအခြေအနေနဲ့ သူတို့ အတွေးအခေါ်၊ စရိုက်သဘာဝတွေကို ထင်ထင်ရှားရှား သရုပ်ဖော် ရေးသားထားပါတယ်။ စိတ်လှုပ်ရှားစွာနဲ့ လက်ကမချချင်လောက်အောင် ဖတ်လို့ကောင်းတဲ့ စာအုပ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။