တိမ်ရုပ်စုံသော ထိုကောင်းကင်

ဏီလင်းညို

600 Kyats ကျပ်
နိုင်ငံရပ်ခြားမှာ အချိန်၊ လုပ်အား၊ ပျိုမြစ်နုနယ်မှု စတာတွေကို ရင်းနှီးပေးဆပ်ပြီး ဘဝအတွက် ကြိုးစားမှု၊ သူတို့တွေရဲ့ ဘဝအမော၊ ဘဝအပျော်၊ ဘဝအားမာန်၊ ဘဝလောကဓံ။ ရေခြားမြေခြား တိုင်းတစ်ပါးမှာ ကိုယ့်နိုင်ငံသား လူငယ်လေးတွေ ရုန်းကန်နေကြတာ … စတာတွေကို ဖတ်ရှုရတဲ့အခါ စာဖတ်သူများအနေနဲ့ ပင့်သက်ရှိုက်မိပါလိမ့်မယ်။ ဒီနေ့အချိန်အခါဟာ ကိုယ့်နိုင်ငံသား လူငယ်လူရွယ် အများအပြားက ရေခြားမြေခြားမှာ သွားရောက် ရုန်းကန် အလုပ်လုပ်နေကြရတာ အားလုံးအသိပါပဲ။ အဲ့ဒီလို လူငယ်တွေ ကြုံရတွေ့ရတဲ့ အဆင်မပြေတဲါ အဖြစ်အပျက်တွေကိုလည်း မကြာခဏ ကြားသိရပါတယ်။ ဒီလိုဘဝ ဒီလိုအဖြစ်တွေကို အခြေတည်ပြီး ဆရာဏီလင်းညိုက သူရဲ့ လူငယ်တွေ ရင်ထဲက စကားသံတွေကို ခွဲထုတ်ပြတတ်တဲ့ ရေးဟန်နဲ့ ပေါင်းစပ်ဖော်ပြလိုက်တဲ့အခါ ဒီ ‘တိမ်ရုပ်စုံသော … ထိုကောင်းကင်’ ဟာ စာဖတ်သူတို့ကို ရင်ကိုခွဲမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။