တမလွန်တစ်ဖက်ကမ်းက

ညီလေးငယ်

500 Kyats ကျပ်
သေခြင်းတရားဆိုတာ လူသားတိုင်း၊ သတ္တဝါတိုင်း ရှောင်ကွင်းမရနိုင်တဲ့ တရားတစ်ပုဒ်ပါပဲ။ ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေတောင် ရှောင်လွှဲမရတဲ့ သေခြင်းမရဏကို ကျွန်တော်တို့အားလုံး တစ်နေ့တော့ မလွဲမသွေ ရင်ဆိုင်ကြရမှာပါ။ ပုထုဇဉ်တွေအနေနဲ့ ကြိုမသိနိုင်တဲ့ အရာငါးမျိုး ရှိတယ်လို့ ဗုဒ္ဓက ဟောထားပါတယ်။ ဘယ်နေ့မှာ သေရမလဲ၊ ဘယ်အချိန်မှာ သေရမလဲ၊ ဘာရောဂါနဲ့ သေရမလဲ၊ သေပြီးရင် ဘယ်သုဿာန်မှာ မြှုပ်နှံခံရမလဲ၊ သေပြီးနောက် ဘယ်ဘဝ ဘယ်ဘုံကို ရောက်ရှိမှာလဲ ဆိုတာ ဘယ်လိုမှ ကြိုမသိနိုင်ပါ။ သေပြီးရင် နောက်ဘဝ ရှိတယ် မရှိဘူး ဆိုတာ သိပ္ပံပညာရပ်တွေနဲ့ လိုက်မမီနိုင်တဲ့ ကိစ္စတွေပါပဲ။ တမလွန်အကြောင်းက စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ သေပြီးတဲ့နောက်၊ တမလွန်ဟာ ဘယ်လိုထူးခြားဆန်းပြားမှုတွေ ပြည့်နေမှာလဲ။ ဘယ်လို ချောက်ချားစရာတွေ ကြုံရနိုင်မလဲ။ ဘယ်လို အံ့အားသင့်စရာတွေ စောင့်ကြိုနေမှာလဲ ဆိုတာကို တွေးကြည့်ဖို့တော့ ခက်ပါတယ်။ မိတ်ဆွေ … သင်ဟာ သေခြင်းရဲ့ အခြားတစ်ဖက်က တမလွန်ကို စိတ်ဝင်စားမယ် ဆိုရင်တော့ ဒီစာအုပ်လေးကို မြည်းကြည့်ပါ။ မရဏရဲ့ တစ်ဖက်ကမ်း၊ တမလွန်ရဲ့ တစ်ဖက်လမ်းကို ကြုံဆုံခဲ့ရသူတွေရဲ့ ဖြစ်ရပ်မှန် အတွေ့အကြုံတွေကို ဝတ္ထုအဖြစ် ပုံဖော်ထားပါတယ်။ စိတ်ဝင်စားစရာ၊ ကျောချမ်းစရာ၊ ထိတ်လန့်စရာတွေ ပြည့်နေတဲ့ ဇာတ်လမ်းကောင်းတွေကို ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။