ပျောက်ဆုံးနေသော ကျတ်ရွာကြီး

ညီလေးငယ်(လယ်တော်)

800 Kyats ကျပ်
လူသားတွေရဲ့ လောကမှာ သာမန်မျက်လုံးနဲ့ မြင်တွေ့နိုင်တဲ့ ပုဂ္ဂိုလ်သတ္တဝါတွေ ရှိသလို မမြင်မတွေ့နိုင်တဲ့ တန်ခိုးရှင်တွေနဲ့ တခြားလောကသားတွေလည်း ရှိကြပါတယ်။ ဒါ့အပြင် ကိုယ်တိုင် မတွေ့ရ၊ မမြင်ရရင် ယုံကြည်လက်ခံဖို့ ခက်ခဲတဲ့ အဖြစ်အပျက်၊ အကြောင်းတရားမျိုးတွေလည်း ရှိနေပြန်ပါတယ်။ ဒီစာအုပ်ထဲမှာ အဲ့ဒီလို အကြောင်းအရာတွေ ပါဝင်တဲ့ ဥစ္စာစောင့်အဖိုးအိုလင်မယားနှင့် ရွှေကြက်ဥလေးတစ်လုံး၊ နတ်ဥယျာဉ်၊ ချစ်သောအနမ်းက သက်သေပါ မောင်၊ ရွှေအိုးရှာသူများ၊ ကျွန်တော်နှင့် နောက်ကြည့်မှန်ထဲက တစ္ဆေများ၊ ပျောက်ဆုံးနေသော ကျတ်ရွာကြီး … စတဲ့ ဖြစ်ရပ်ဆန်းကြယ် ဝတ္ထုတိုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စာအုပ်မှာ ပါဝင်တဲ့ ဇာတ်လမ်းတွေက လူ့လောကထဲမှာ နိစ္စဓူဝ ဖြစ်ပျက်နေတဲ့ အကြောင်းအရာမျိုးတွေ မဟုတ်ဘဲ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တွေကို ရေးသားထားတာမို့ စာချစ်သူတို့ ကြိုက်နှစ်သက်မှာပါ။