ဝိညာဉ်ပျော်စံအိမ်ကြီး

ညီလေးငယ်(လယ်တော်)

600 Kyats ကျပ်
ဖတ်ရင်း ဖတ်ရင်း ကြက်သီးတဖြန်းဖြန်းထရတဲ့အထိ ချောက်ချားစရာ ကောင်းတဲ့ ဇာတ်လမ်းတွေ၊ ပါးစပ်အဟောင်းသား အံ့သြစရာတွေကို ဖတ်ကြရမယ့် ဂမ္ဘီရဝတ္ထုတွေ၊ ဒီလို ဖြစ်ရပ်ဆန်းကြယ် ရသစုံ ပါဝင်တဲ့ 'ဝိညာဉ်ပျော် စံအိမ်ကြီးနှင့် ဂမ္ဘီရဝတ္ထုတိုများ' စာအုပ်လေးက စာချစ်သူတို့အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။ ပထမဦးဆုံး တစ်ပုဒ်ကို အနည်းငယ် မိတ်ဆက်ပေးရရင်တော့ ... အဝေးပြေးကားတစ်စီးနဲ့ ခရီးထွက်လာကြတဲ့ သူငယ်ချင်းနှစ်ယောက်။ သူတို့ ကားဆိုက်တဲ့အချိန်က ညအတော်မှောင်နေပြီ။ တောင်ကြီးမြို့ကနေ ညနေစောင်းမှ ထွက်လာခဲ့တဲ့ သူတို့ကားဟာ ကားအထွက် နောက်ကျတာကြောင့် ည (၇) နာရီ ထိုးခါနီးမှ ရပ်စောက်မြို့ကို ရောက်တယ်။ သူတို့ ရွာကို ပြန်ဖို့က ခရီးအတော်ဆက်ရဦးမှာ။ ဒါနဲ့ပဲ သူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး မြို့စွန်က အသိအကျွမ်းတစ်ဦးရဲ့ အိမ်မှာ တည်းခိုဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါနဲ့ပဲ အသိအိမ်ဖြစ်တဲ့ မြို့ပြင် ခြံဝန်းကျယ်ထဲက ကျွန်းအိမ်မည်းကြီးထဲကို သူတို့နှစ်ယောက် ရောက်သွားတဲ့ညမှာတော့ ...