ရှင်သန်ခွင့်နှင့် အခြားဝတ္ထုတိုများ

ညီလေးငယ်(လယ်တော်)

600 Kyats ကျပ်
လူ့ဘဝမှာ မိဘနဲ့ သားသမီးအကြားက ဆက်ဆံရေး၊ လူကြီးနဲ့ လူငယ်အကြားက အယူအဆကွဲပြားမှု၊ အောက်ခြေလူတန်းစားတွေရဲ့ နေ့စဉ်ဘဝ၊ လူချမ်းသာတွေရဲ့ ဖြတ်သန်းမှု၊ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရှင်တွေရဲ့ စီးပွားရေး၊ လူမှုရေး၊ လူငယ်လူရွယ်တွေရဲ့ အချစ်၊ အကြမ်း၊ အလွမ်း၊ အဆွေး၊ စသဖြင့် ဘဝဇာတ်ခုံပေါ်က ဇာတ်ရုပ်အထွေထွေရဲ့ ဇာတ်လမ်းအဖုံဖုံ ပြည့်နှက်နေပါတယ်။ ဆရာညီလေးငယ်ရဲ့ ရှင်သန်ခွင့်နှင့် အခြားဝတ္ထုတိုများ ဆိုတဲ့ စာအုပ်လေးမှာလည်း လူမှုဘဝတွေထဲက အဖြစ်အပျက်တွေကို ရှုထောင့်အမျိုးမျိုးကနေ ပုံဖော်ဖန်တီးထားတဲ့ ဝတ္ထုတိုတွေ ပါဝင်တာမို့ ရသဝတ္ထုတိုကောင်းကောင်းလေးတွေကိုမှ ဖတ်ချင်တဲ့ စာချစ်သူတွေအတွက် အကြိုက်တွေ့မှာ သေချာပါတယ်။ ဒီစာအုပ်မှာတော့ … မေတ္တာမျက်ရည် ခန်းပါစေ၊ ရှင်သန်ခွင့်၊ မွေးနေ့လက်ဆောင်၊ အဖြူရောင်ပန်းကလေး၊ ကုသိုလ်မှသည် အကုသိုလ်ဆီသို့ … စတဲ့ ဝတ္ထုတို (၅) ပုဒ် ပါဝင်ပါတယ်။ ဘဝထဲက ဘဝတွေကို ရသဝတ္ထုတိုတွေထဲကနေ ဆွဲထုတ်ခံစားကြည့်ရအောင်နော်။