နောက်ဆုံးခရာသံ

ညိုထွန်းလူ

800 Kyats ကျပ်
ဝတ္ထုတိုအရေးကျဲတယ်လို့ ဆိုပေမယ့်လည်း လူ့ဘဝအတွေကအကြုံတွေကို ရသစာတမ်း အက်ဆေးပုံစံရေးဖွဲ့မှု ပုံစံတွေမှာတော့ ဆရာညိုထွန်းလူဟာ လက်မနှေးပါဘူး။ အခု ရသစာတမ်းစုစည်းမှုကတော့ ‘နောက်ဆုံးခရာသံ’ လို့ အမည်ပေးထားတာနဲ့ လိုက်ဖက်စွာပဲ လူ့သက်တမ်းကို ကာလရှည် ဖြတ်သန်းခဲ့ပြီးသူ လူတစ်ယောက်ဟာ ဝန်းကျင်အသိုင်းအဝိုင်းအတွင်း မျက်မြင်ကြုံနေရတာအပေါ် ကိုယ့်အတွေ့အကြုံနဲ့ ပြန်လည်နှိုင်းဆလို့ ဖတ်ရသူကို အတွေးဗဟုသုတတွေ ပေးထားပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ရသစာတမ်းများ စုစည်းမှုလို့ ဆိုထားတဲ့သလိုပဲ ဆရာညိုထွန်းလူရဲ့ ရသပေးဟန်အတိုင်းလည်း စာဖတ်သူတို့ ဖတ်ရှုရမှာပါ။ အထူးပြောလိုတာကတော့ အက်ဆေးသဏ္ဌာန် စာစုတွေမှာ ခေတ်ကာလ၊ ဝန်းကျင်နဲ့ လူတို့ရဲ့ အပြောင်းအလဲ စရိုက်မနောတွေကို ပြတ်ပြတ်ထင်ထင် ဥပမာထားတွေ့ရမှာမို့ စာဖတ်သူတို့အနေနဲ့ ဒီစာစုတွေကိုများ ဖတ်ပြီးရင် ကိုယ့်ဝန်းကျင်ကို တစ်ချက်လောက် ဖြစ်ဖြစ်တော့ လည်ပြန်ငဲ့ကြည့်မိမှာ သေချာနေတာပါပဲ။