အိမ်ဦးနတ်နှင့် ငိုရသူဝတ္ထုများ

ညိုထွန်းလူ

1000 Kyats ကျပ်
စာရေးဆရာဆိုသူများမှာ ဖြစ်တတ်ကြတဲ့အတိုင်း ဆရာညိုထွန်းလူဟာလည်း ရံဖန်ရံခါ စာဖတ်ပရိတ်သတ်နဲ့ ဆုံတဲ့အခါ ဆရာ့စာပေလက်ရာတွေကို အားပါးတရ ပြန်လည်ပြောပြတာ ၊ နောက်ထပ်လည်း စောင့်မျှော်နေကြောင်း ဖွင့်ဟကြတာ ကြားရတတ်တာမို့ ဆရာ့ရဲ့စိတ်မနောမှာ ဘယ်လောက်တောင် ဂွမ်းဆီထိမျှ ကြည်နူးပီတိဖြစ်ရမလဲဆိုတာ မှန်းဆလို့ရပါ တယ်။ အဲဒီလို စာဖတ်ပရိတ်သတ်က အမှတ်တရ ပြန်လည်ပြောရတဲ့ စာပေဖန်တီးမှုဆိုတာဟာ သာမန်လျှံကာ ဝါကျဖွဲ့ထား ရုံ၊ စာရွက်ပေါ်မှာ အက္ခရာထင်ရုံ စာကြောင်းမျိုးတွေတော့ မဟုတ်တာ သေချာပါတယ်။ ဒါကြောင့်လည်း စာဖတ်ပရိတ်သတ် တခုတ်တရဖြစ်ရတဲ့ ဆရာ့ရဲ့ ဒီဝတ္ထုများကို ဘယ်လောက်ကောင်းကြောင်း အထူးပြောနေစရာလိုမယ် မထင်ပါဘူး။ ဒီစာစုစည်းမှု စာအုပ်ကို ဝတ္ထုများလို့ အမည်တပ်ထားရတာကတော့ စာဖတ်သူတွေ အထူးနှစ်သက်ခဲ့ကြတဲ့ လက်ရာ ကောင်းတွေကို ပြန်စုစည်းထားတာမို့ ဝတ္ထုတိုတွေ ပါနေသလို၊ ဝတ္ထုရှည်တွေလည်း ပါနေတာကြောင့်ပါပဲ။ လူ့ဝန်းကျင်ကို သရုပ်ပေါ်အောင် ဖွဲ့တတ်တဲ့ ဆရာ့ရဲ့ ဒီဝတ္ထုများဟာ ဘယ်လိုလူ့ဝန်းကျင်အကြောင်း ရသစာပေကောင်းကောင်းတွေ ဖြစ်တယ်ဆိုတာ ဖတ်ရှုကြည့်ကြဖို့ အထူးပဲ တိုက်တွန်းလိုက်ရပါတယ်။