စန္ဒကူးအိမ် ဝတ္ထုတိုစု

ညိုထွန်းလူ

600 Kyats ကျပ်
ဝတ္ထုတိုအရေးကျဲတယ်လို့ဆိုတဲ့ ဆရာညိုထွန်းလူရဲ့ ဝတ္ထုတို (၁၄) ပုဒ်ကို စုစည်းထားတဲ့ စာအုပ်ပါ။ ဝတ္ထုတိုအရေး ကျဲတယ်လို့ဆိုပေမယ့် ဆရာရေးတဲ့ ဝတ္ထုတွေအပေါ် မြန်မာစာပေမှာ စံတင်ရတဲ့ ဆရာမကြီးလူထုဒေါ်အမာကတော့ “သူ့ဝတ္ထု လေးတွေအားလုံး ဖတ်လို့ကောင်းတယ်။ ဒီခေတ်က ဝတ္ထုတိုခေတ်မဟုတ်လား။ ဒီခေတ်ထဲမှာ သူက လှလှပပ လူးလွန့် လှုပ်ရှားနိုင်သားပဲ” လို့ မှတ်ချက်ပြုထားပါတယ်။ ဆရာမကြီးရဲ့ မှတ်ချက်အတိုင်းပါပဲ ဆရာဟာ လူ့လောက၊ လူ့သဘာဝတွေမှာ ကြုံရတာတွေကို ရိုးရိုးရှင်းရှင်းနဲ့ ရေး ဖွဲ့တတ်တာကြောင့် သူပေးချင်တဲ့ ဝတ္ထုပါ အချက်တွေကို ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ မဂ္ဂဇင်းစာစောင် အတော်များများ မှာ စာဖတ်သူတွေ အကြိုက်တွေ့ခဲ့ကြတဲ့ ဒီဝတ္ထုတိုလေးတွေထဲ ပထမဆုံး ဖော်ပြထားတဲ့ ‘ချောင်းကျဉ်းရေစုန်’ ဆိုတဲ့ ဝတ္ထု မှာဆိုရင်ပဲ သားသည်မိခင်၊ မြေးတို့အဘွား ဒေါ်မြရီရဲ့ မြေးရှင်ပြုဖို့အရေး စိတ်စေတနာဇောသန်ပုံကို ရေးဖွဲ့ထားတာက စာဖတ်သူတို့အတွက် ပင့်သက်ရှိုက်ရမယ့် ဥပမာတစ်ခုအဖြစ် ထုတ်နုတ် ညွှန်းဆိုလိုက်ပါရစေ။