မောင်အသက်သွင်းသော ကျွန်မကမ္ဘာ

ဇွဲယွန်းနောင်

600 Kyats ကျပ်
...ငါသေလို့မဖြစ်သေးသလို ငါအဖမ်းခံရလို့လည်းမဖြစ်သေးပါဘူးလေ။ ငါ့မှာ ငါစိတ်ကူးထားတဲ့ အနာဂတ်ကလေး ပြီးတော့ ဘဝကလေးရှိတယ် …။ မိသားစုဆိုတဲ့ အရာ၊ ကိုယ့်ရင်သွေးလေးတွေ ဆိုတဲ့အရာ … ပြီးတော့ကိုယ်သိပ်ချစ်တဲ့ ကိုယ့်ရဲ့ချစ်သူ … ဝတ်လွှာဖြူ …။ သိပ်ကိုအဆိပ်ကင်းပြီး အပြစ်ကင်းစင်လိုက်တဲ့မိန်းကလေး …။ အခုလို ကိုယ်ကျည်ဆန်မှန်ခဲ့တာကို သူမမြင်ရင် ဘယ်လောက်တောင်များငိုလိုက်လေမလဲ …။ တွေးမိရုံနဲ့တင် ရင်မောသွားတော့၏။ ဆောရီးပါအချစ်ရယ် … ကိုယ်မမျှော်လင့်ထားတာတွေဖြစ်သွားခဲ့ရတယ်ကွာ …။ လုပ်ငန်းအဆင်မပြေလို့ ဆုံးရှုံးမှုတွေအတွက် သူဌေးနဲ့မျက်နှာချင်းဆိုင်တွေ့ရဖို့ထက်စာရင် ချစ်သူမျက်နှာလေး ညှိုးနွမ်းမှာကိုသာ ပိုကြောက်နေတဲ့ ဝရမ်းပြေးသမားကြီးတဲ့လေ …။ ဘယ်လောက်များ ချစ်တတ်လိုက်သလဲကွယ် …