ချစ်ခြင်းခွန်အား ပေးသနားပါ

ဇွဲယွန်းနောင်

600 Kyats ကျပ်
“ ညီ မမွားပါဘူး။ အပြစ်လည်းမရှိဘူး။ ကိုယ်ညီ့ကိုရိုးသွားလို့ သူ့ကိုညီ မသိအောင် တွဲခဲ့တာ။ အခု ညီ သိသွားပြီဆိုတော့ ကိုယ်က ညီနဲ့ပဲလမ်းခွဲမှာပဲ… ကိုယ်သူနဲ့တော့မခွဲနိုင်ဘူး” ဆိုတဲ့ စကားကိုပြောပြီး အံ့ဘုန်းမြတ်က သုတကို ကိုလမ်းခွဲခဲ့ပါတယ်။ တကယ်တော့ သူတို့နှစ်ယောက် လက်တွဲလာခဲ့တာ အချိန်ကာလ သုံးနှစ်လောက်တောင်ရှိခဲ့ပါပြီ။ ဒီလိုကြာခဲ့ပေမယ့် ကြားလူကြောင့် အံ့ဘုန်းမြတ်က လမ်းခွဲသတဲ့။ တကယ့် အဖြစ်အမှန်ကို အံ့ဘုန်းမြတ်နဲ့ သုတကိုရဲ့ အမေပဲသိတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သုတကို အမေက သူတို့နှစ်ယောက်ကို အတင်းအကြပ်လမ်းခွဲခိုင်းခဲ့တဲ့ သူဖြစ်နေလို့လေ။ ဒီလိုဝမ်းနည်းစရာ အဖြစ်အပျက်နဲ့စထားတဲ့ BL က စာဖတ်သူကို ဘယ်လောက်အထိ ဆွဲဆောင်နိုင်မလဲဆိုတာကတော့….