သရဲ ခြောက်သောည

ဇွဲမိုးဇက်(ဟံသာဝတီမြေ)

200 Kyats ကျပ်
သူရိန်က သူ့မှာ ပါလာတဲ့ အောက်လင်းဓာတ်မီးနဲ့ ရေပြင်ကိုထိုးအကြည့် .. ရေကူးကျွမ်းကျင်လှတဲ့ လူတစ်ယောက်ရေကူးနေသည့်အလား ရေတွေက အပေါ်မြောက်မြောက်ပြီးပြန်ကျနေတာ ကြည့်လို့တောင် ကောင်းသေး။ ခဏနေတော့ ရေပြင်က ပုံမှန်ပြန်ငြိမ်သွားတယ်ဗျ။ ‘ပေါက် ပေါက်’ ထူးထူးတစ်ယောက် သူ့အပေါ်ကျလာတဲ့ ရေစက်တွေကိုအသေအချာ ကြည့်ရင်း ‘ဟေ့ ဟေ့ ဟေ့ကောင်တွေ … ငါ့ ငါ့ ငါ့ပေါ်ရေ ရေ ရေစက်တွေကျ ကျ ကျနေတယ်’ ထူးထူးရဲ့ အထစ်ထစ်အငေါ့အငေါ့ စကားကြောင့် အနော်တို့လည်း အပေါ်ကိုမော့အကြည့်၊ သူရိန်ရဲ့ အောက်လင်းမီးရောင်အရောက်မှာ မြင်လိုက်ရတာက တစ်ကိုယ်လုံး ဖောင်းပွရိရွဲနေတဲ့ လူတစ်ယောက်က တံတားအပေါ်ကိုမိုးပြီးကျနေတဲ့ မယ်ဇလီကိုင်းမှာ တွဲလောင်းကြီး အနေထားနဲ့ ကျနော်တို့ကို ငုံ့ကြည့်ပြီး ပြုံးပြလိုက်တယ်။