သဘက်ကြီးစံတင်ရဲ့ ကလဲ့စား

ဇွဲမိုးဇက်(ဟံသာဝတီမြေ)

200 Kyats ကျပ်
ဦးထွန်းလှတစ်ယောက် ညနေစောင်းပြီဖြစ်ပေမဲ့ သူ့စာရင်းငှားတွေ ပြန်မရောက်လာသေးတဲ့အတွက် အတော် စိတ်သောကရောက်နေရှာတယ်။ အလှူလုပ်ဖို့ အတွက် သူပိုင်တဲ့လယ်ထဲမှာ ပေါက်နေတဲ့ မအူပင်ကြီးရဲ့ အကိုင်းခက်တွေကို သွားခုတ်ခိုင်းလိုက်တာလေ။ မအူပင်ကြီးက ယောက်ျားငါးယောက်ဖက်လောက်ရှိတဲ့ နှစ်ချို့အပင်ကြီးဆိုတော့ အကိုင်းခုတ်ရင်တောင် အလှူအတွက်တင်မကဘဲ သူတို့အိမ်အတွက် တစ်မိုးစာ ကောင်းကောင်းရနိုင်တယ်လေ။ ခုတ်ပြီး ပြန်လာပါလို့ ပြောလိုက်ပေမဲ့ မိုးချုပ်ခါနီးအထိ ပြန်မရောက်လာကြတော့ ဦးထွန်းလှ လိုက်သွားခဲ့တယ်။ ပြဿနာက ဦးထွန်းလှကို အဆင်သင့် စောင့်ကြိုနေလေရဲ့။ ဘယ်လို ပြဿနာများလဲ၊ ဘယ်လို ချောက်ချားစရာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ …