ဆေးရောင်ခြယ်နှလုံးသား

ဇူး

800 Kyats ကျပ်
ဒီဝတ္ထုကတော့ ထူးထူးခြားခြားပဲဗျ။ ပရလောကနောက်ခံ အချစ်ဇာတ်လမ်း။ ရှင်းသိုက်ဈာန်က တကယ့် ချမ်းသာတဲ့လုပ်ငန်းရှင်ပေါ့။ လူတစ်ယောက်ကို လူမသိသူမသိ အစအနဖျောက်လိုက်လို့ရတဲ့ အနေအထားအထိ ပါဝါရှိတယ်။ မြို့ပြင်က သင်္ချိုင်းမြေကို စက်မှုနယ်မြေလုပ်ဖို့ စီစဉ်ထားတယ်။ တစ်ရက်တော့၊ သူ့ဆီကို မေနဒီဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီး အဲဒီကိစ္စကို ရပ်တန်းကရပ်ဖို့နဲ့ သူတို့အိမ်ကို မထိဖို့လာပြောပါလေရော ! တကယ်တော့ မေနဒီဟာ ဝိညာဉ်တစ်ကောင်ဖြစ်ပြီး ပိုးဆိုတဲ့ ကောင်မလေးရဲ့ ဝိညာဉ်ကိုချုပ်၊ ပိုးရဲ့ ခန္ဓာကိုယ်ထဲ သူ့ဝိညာဉ်ဝင်ပြီး ရှင်းသိုက်ဈာန်ကို လာတားတာပါ။ ရှင်းသိုက်ဈာန်ကလည်း ခေါင်းကခပ်မာမာ။ မေနဒီကလည်း စီမံကိန်းကိုဖျက်ဖို့ နည်းမျိုးစုံနဲ့ကြိုးစား။ မေနဒီရဲ့ အတိတ်ကအကြောင်းတွေ၊ ဝိညာဉ်မလေးနဲ့ လူသားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေ။ ဖတ်ရတာ ရင်ခုန် သည်းထိတ်စရာပဲ။ အက်ဒမင်လည်းကြိုက်လို့ ညွှန်းလိုက်ပါပြီနော်