ချောကလက်ကျိန်စာ

ဇူး

600 Kyats ကျပ်
လှိုင်းက စိတ်ကြမ်း ကိုယ်ကြမ်းရှိသလို၊ လူမှုရေးလည်း သိပ်နားမလည်ဘူး။ နောက်ပြီး သူက ဒုစရိုက်လောကမှာ ကျင်လည်နေသူ။ သူ… အဲဒီလောကမှာ ကျင်လည်ရတဲ့ အကြောင်းအရင်းကလည်း စိတ်လှုပ်ရှားဖို့ကောင်းလို့တဲ့။ သူ့ကို သတ်ချင်နေတဲ့ ဒုစရိုက်လောကသားတွေလည်း ရှိတယ်။ ဒါကြောင့်သူဟာ တစ်ချိန်လုံး ရှောင်တိမ်း ပြေးလွှားနေရတယ်။ အဲဒီလို ပြေးလွှားရင်းနဲ့ပဲ ခရုနဲ့ ဆူးဆိုတဲ့ ကောင်မလေးနှစ်ယောက်ကို ဆုံခဲ့ရတာ။ နှစ်ယောက်လုံးကလည်း သူ့ကိုစိတ်ဝင်စားပုံ ရပါတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ဆူးရဲ့ ဖခင်ဟာ ဒုစရိုက်လောကသား ဖြစ်သလို၊ ခရုရဲ့ ပထွေးကလည်း ဒုစရိုက်လောကသားပါပဲ။ ကဲ… နောက်ပိုင်း လှိုင်း၊ ခရု၊ ဆူးနဲ့ လှိုင်းကို သတ်ချင်နေသူတွေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဝတ္ထုထဲမှာခံစားကြည့်ကြပါဦး။