မာယာဇုန်

ဇူး

800 Kyats ကျပ်
>>> ဧကရာဇ်က သိပ်အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်။ သူ့မှာ နာမည်ကြီးသရုပ်ဆောင်ဖြစ်တဲ့ မာန်ဆိုတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်။ နောက်ပြီး၊ ခင်လာတာကြာပြီဖြစ်သလို သူ့ကိုအမြဲလိုလို ကာကွယ်ပေးနေတတ်တဲ့ ဇာတိဆိုတဲ့၊ သူငယ်ချင်းလည်းဟုတ်၊ မန်နေဂျာလည်းဟုတ်တဲ့ လူတစ်ယောက်ရှိတယ်။ တကယ်တော့ ဧမှာ Sho ဆိုတဲ့ သားလေးရှိထားပါတယ်။ Sho ရှိကြောင်းကိုလည်း ဇာတိတစ်ယောက်ပဲ သိတာ။ >>> Sho ကို အတိတ်မှာ သျှင်မှူးဆက်ဆိုသူနဲ့ ရခဲ့တာဖြစ်ပေမဲ့၊ မှူးက တာဝန်မယူခဲ့ဘူး။ အတိတ်မှာပြိုလဲခဲ့တဲ့ ဧကို ဇာတိကပဲ တွဲထူခဲ့တယ်။ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ပြီးနောက်မှာ Sho အကြောင်းကို မီဒီယာတွေရော၊ မာန်ကရော သိသွားပါတယ်။ ပိုစိတ်ဝင်စားဖို့ကောင်းလာတာက မှူးတစ်ယောက် ပြန်ပေါ်လာခဲ့သလို၊ အတိတ်မှာလည်း မှူးနဲ့ဇာတိကြား အဖြစ်အပျက်တစ်ခု ရှိနေတာပါပဲ။ မွန်းကျပ်မှုတွေ၊ နာကျင်မှုတွေ၊ ချစ်ခြင်းတရားတွေ၊ လျှို့ဝှက်ချက်တွေ၊ Plot twist တွေနဲ့ ဒီဝတ္ထုက၊ ဖတ်လို့ကောင်းတယ် ဆိုတာထက် ပိုတဲ့ အရသာကို ပေးထားနိုင်တယ်။ ဆရာမဇူးရဲ့ လက်ရာကို မဖတ်ဖူးသေးရင် ဖတ်ကြည့်ခံစားကြည့်တဲ့ ဝတ္ထုလို့ ညွှန်းချင်ပါတယ်