ချစ်ခြင်းရာဇဝင်တွင်စေမည်

ဇူး

800 Kyats ကျပ်
ဇာတ်လမ်းအစက ရွှေမြို့တော်နဲ့ဝေးတဲ့ တဲအိုထဲမှာ အမရာဒေဝီဆိုတဲ့ သမီးငယ်ကို ပုံပြင်တစ်ပုဒ်ပြောပြနေတဲ့ အလင်္ကာမယ်။ ပုံပြင်ထဲမှာ အလင်္ကာမယ်က အရမ်းလှပတဲ့ ပုံတူရေးဆွဲသူ။ တစ်နေ့ သူက အိမ်ရှေ့မင်းသား စကြာဒီပကို ပုံတူရေးဆွဲပေးရတယ်။ သိပ်မကြာပါဘူး သူတို့နှစ်ယောက် ရင်ခုန်သံချင်းရောယှက်မိကြတယ်။ ဒါပေမဲ့ မင်းသားက နန်းတက်ပြီး ဦးရီးတော် လက်ဆက်ပေးတဲ့ အမရာကို ယူလိုက်ရတယ်။ အဲဒီနောက် ဘယ်လိုအကြောင်းအရာတွေဖြစ်ခဲ့လို့ အလင်္ကာမယ်က ရွှေမြို့တော်နဲ့ ဝေးတဲ့ တဲအိုပျက်ထဲမှာရှိနေရတာလဲ … နောက်ပြီး နွမ်းပါးပေမဲ့ အမေနည်းတူလှပတဲ့ အမရာဒေဝီလေးက မိခင်ဖြစ်သူက ရွှေမြို့တော်နဲ့ ဝေးဝေးမှာနေပါလို့ အတန်တန်မှာထားတဲ့ကြားထဲက ရွှေမြို့တော်ကို ရောက်သွားသလို၊ အိမ်ရှေ့မင်းသား ဒီပရာဇာနဲ့ ဆုံဆည်းခဲ့ရတဲ့အခါ ဘယ်လို ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်လာမလဲဆိုတာ …