အသူရကာယ်ရွာမှအပြန်

ဇာမဏီ

အခမဲ့
တစ်ခါတလေ လူတွေက တစ်ဖက်သားယုံအောင်ဆိုပြီး လိမ်လည်ကျိန်ပြလေ့ရှိပါတယ်။ ဒါက ကောင်းတဲ့အကျင့် မဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူးလေဆိုပြီး လိမ်လည်ကျိန်ဆိုလိုက်ပေမယ့် နောက်ဆက်တွဲ ဘာဖြစ်လာတတ်လဲဆိုတာ ကိုယ်မသိနိုင်ဘူးလေ။ နောက်၊ လိမ်တာလည်း မကောင်းမှုတစ်ရပ် မဟုတ်လား ? ဒီဝတ္ထုထဲမှာတော့၊ သီရိဆိုတဲ့ အမျိုးသမီးက လင်ယောက်ျားနောက်ကွယ်မှာ ကျော်ဦးဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ဖောက်ပြန်ပါတယ်။ ယောက်ျားက သတင်းတွေကြားလို့မေးတော့ အကြိမ်ပေါင်းများစွာ ရထားနဲ့ အကြိတ်ခံရပါစေဆိုပြီး ကျိန်ဆိုပြတယ်။ အဲဒီကျိန်ဆိုမှုကြောင့် သီရိတစ်ယောက် အသူရကာယ်ဘုံ ရောက်သွားပြီး သူကျိန်ဆိုခဲ့တဲ့အတိုင်း ခံစားရပုံတွေကို သံဝေဂရဖို့ကောင်းအောင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအရလည်း စိတ်ဝင်စားဖို့ကောင်းတော့ ဖတ်ကြည့်စေချင်ပါတယ်ဗျ။