ကိုယ်တိုင် သိရှိသွားမှု

ဇဏ်ခီ

1000 Kyats ကျပ်
❤ ဇဏ်ခီဆိုရင် မသိတဲ့သူ သိပ်ရှိမယ် မထင်ပါဘူး။ “ဥပါယ်တံမျဉ်” နဲ့ “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးတို့ကနေ စပြီး သူ့ကို သရုပ်ဆောင်၊ ဇာတ်ညွှန်းဖန်တီးရှင်၊ ဂီတပညာရှင်အဖြစ် နာမည်ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် သိထားကြပါတယ်။ သူ့မှာ အနုပညာအလုပ်တွေအပြင် အခြားဝါသနာတစ်ခုကတော့ Philosophy ဘာသာရပ်ပါပဲ။ ဒီစာအုပ်ထဲမှာ အတွေးအခေါ်ပညာရပ်ကို ဝါသနာထုံတဲ့ ဇဏ်ခီရဲ့ အတွေးအမြင်တွေကို ခံစားနိုင်တယ်။ မြင်ရတယ်။ ဖတ်လိုက်ရတဲ့ စာမျက်နှာတိုင်းက အနှစ်သာရ အပြည့်ပဲလို့ ဆိုနိုင်ပါတယ်။ ။ ။ Buddhism, Democracy and Etiquette တကယ်တော့ ဒီမိုကရေစီနဲ့ ဗုဒ္ဓဘာသာဟာ အခြေခံအုတ်မြစ်ချင်း အတူတူပဲ။ တစ်ခုက နိုင်ငံရေး၊ တစ်ခုကတော့ ဘာသာရေး။ လူတော်တော်များများက ဗုဒ္ဓဘာသာကို ဘာသာတစ်ခုလို့ မြင်ပေမယ့် ကျွန်တော့်အတွက်တော့ (Way of Life) ဘဝနေထိုင်မှု ပုံစံဆိုရင် ပိုမှန်တယ်။ နှစ်ခုစလုံးက ဘာတူသလဲဆိုတော့ လူတွေကို စည်းကမ်းတကျ လွတ်လပ်စွာ နေစေချင်တဲ့ စနစ်တွေ ဖြစ်တယ်။ ❤ ဇဏ်ခီ ကိုယ်တိုင်သိရှိထားတဲ့ ဗုဒ္ဓဘာသာအပေါ် ပုဂ္ဂလိကအမြင်တွေ၊ အနုပညာအကြောင်းလေးတွေ၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အတွေးအခေါ်၊ အကောင်းမြင်စိတ်လေးတွေကို ဖတ်ရသူရင်ထဲ တန်းရောက်အောင် ပြောပြ ရေးသားထားတာတွေ့ရတယ်။ တင်ပြပုံကဆန်းတော့ စာဖတ်သူကို စိတ်မအိုက်စေဘူး။ ဖတ်နေရင်း ဇဏ်ခီ ပြောပြနေတဲ့ အကြောင်းအရာတွေထဲမှာ ကိုယ်လည်း လိုက်ပြီး တွေးတော စီးမျောမိသွားတာမျိုး ဖြစ်ပါတယ်။ စာအုပ်ကို ခဏချလိုက် တွေးလိုက်နဲ့ လုပ်မိနေပါလိမ့်မယ်။ ။ ။ ကိုယ် တာဝန်ယူပြီးလုပ်တဲ့ အလုပ်တစ်ခု ပြီးမြောက်ဖို့ဆိုတာ တကယ်တော့ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက်ပဲ ဖြစ်တယ်။ ကိုယ့် ဂုဏ်သိက္ခာအတွက်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိနိုင်ဖို့၊ ယုံကြည်မှု ရှိနိုင်ဖို့။ ကျွန်တော်တို့ မြန်မာပြည် ပြန်ရောက်ခါစ US နဲ့ မြန်မာပြည်ကြား အသွားအလာရှိတဲ့ အန်ကယ်ကြီးတစ်ယောက်က သတိပေးဖူးတယ်။ 'တို့နိုင်ငံကလူတွေက mood နဲ့ အလုပ်လုပ်တာ' တဲ့။ 'အဲဒါလေးတော့ သတိထားစေချင်တယ်' တဲ့။