အိန္ဒိယ လွတ်လပ်ရေးဖခင် ဂန္ဓီ

ဇင်မျိုး(မြန်မာပြန်)

600 Kyats ကျပ်
...မိုဟန်ဒက်ခါရန်ချန်ဂန္ဓီကို မဟတ္တမဟု သိကြသည်။ မဟတ္တမမှာ ကြီးမြတ်သောလူသားဟူ၍ အဓိပ္ပာယ်ရသည်။ သူသည် ဗြိတိသျှအုပ်စိုးမှုအောက်မှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိစေရန် လည်းကောင်း၊ အိန္ဒိယဆင်းရဲသားများအတွက် အခွင့်အရေးများရရှိစေရန်လည်းကောင်း တိုက်ပွဲဝင်ခဲ့ သည့် ပါးနပ်သောနိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။ သူ၏ အကြမ်းမဖက်သော ကန့်ကွက်သည့်နည်းမှာ ယနေ့တိုင် ကမ္ဘာတစ်ဝန်းတွင် တန်ဖိုးထားနေ ရဆဲ ဖြစ်သည်။ ဆယ်ကျော်သက်လူငယ်ဘဝကို ဆိုးသွမ်းသူအဖြစ် ဖြတ်သန်းခဲ့ပြီး၊ အခွင့်ထူးခံလူတန်း စား မိဘမျိုးရိုးမှ ဆင်းသက်လာသော ဂန္ဓီသည် ငြိမ်းချမ်းရေးလူသားဖြစ်သည်။ အိန္ဒိယဆင်းရဲသားတို့၏ ကိုယ်စားလှယ်တော်ဖြစ်သည်။ ကြေးရတတ်မိသားစုမှမွေးဖွားလာသူ မိုဟန်ဒက်ရန်ချန်ဂန္ဓီကို ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အနောက်မြောက် ပိုင်းရှိ မင်းသားအုပ်စိုးသော ပေါ်ဘန်းဒါးပြည်နယ်၌ မွေးဖွားသည်။ သူ၏မိသားစုမှာ ကြေးရတတ် မျိုးရိုးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူ၏ဖခင်မှာ ပေါ်ဘန်းဒါးပြည်နယ်ဝန်ကြီးချုပ်အဖြစ် အစိုးရ အလုပ်ကိုလုပ်သည်။ မိခင်ဖြစ်သူမှာ ဘာသာတရား အလွန်ကိုင်းရှိုင်းသူဖြစ်၍ ဘုန်းကြီးကျောင်းတွင် အနေများပြီး မကြာခဏ ဥပုသ်သီလစောင့်တည်သည်။ မိခင်သည် သူ့အား ပြင်းထန်သည့် ဟိန္ဒူကိုယ် ကျင့်တရားကို သွတ်သွင်းပေးပြီး သက်သတ်လွတ်စားခြင်း၊ ဘာသာရေးအရ သည်းခံတတ်ခြင်း၊ ရိုးရိုးရှင်းရှင်းနေထိုင်ခြင်း၊ အကြမ်းမဖက်သောနည်းလမ်းဖြင့် နေထိုင်ခြင်းတို့ကို အလေးပေး သင်ကြား ပေးသည်။