ကဗ်ာမဲ့ည

ဆူးသစ်နီ

600 Kyats ကျပ်
“ပုလဲတစ်လုံး ရွဲတစ်လုံးနဲ့၊ ငါ့လှေငါးထိုးခဲ့ရပြန်တော့၊ တိုးတိုးဝင်သွားတဲ့ ငါ့စိတ်တွေ၊ မုဒိတာကမ်းပါးမှာ ဆူဆူအောင့်အောင့်နဲ့၊ လရောင်မျှားနေလိုက်ပုံများ” (နေသာရုံ၊ တစ်ကိုယ်ရည်) စကားလုံးတွေ မဆန်းသစ်ပေမယ့် ဖွဲ့ထားတဲ့ အက္ခရာစုတွေက အလှတရားတွေကို လှစ်ဟပြနေခြင်းဟာ ဆရာဆူးသစ်နီရဲ့ “ကဗျာမဲ့ည” ကဗျာစုများထဲက သိမ်မွေ့မှုတစ်ရပ်လို့ ဆိုရပါမယ်။ ကဗျာဆိုတာ အလှတရားပါမှ ပြည့်စုံတဲ့ ရသကို ပေးစွမ်း ပါတယ်။ ကြည်နူးခြင်းမှာလည်း အလှတရားရှိသလို၊ လွမ်းဆွတ်ခြင်းမှာလည်း အလှတရားရှိပါတယ်။ အားရတက်ကြွခြင်းမှာ လည်း အလှတရားရှိသလို၊ ကြေကွဲငြီးငြူခြင်းမှာလည်း အလှတရားရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလှတရားနဲ့ ပြည့်စုံမှသာ ကဗျာဖြစ်တာမို့ ကဗျာရဲ့အလှကို ခံစားချင်သူတွေအတွက် ဒီစာအုပ်ကလေးကို ညွှန်းပါရစေ။ နောက်ထပ်ဆရာဆူးသစ်နီရဲ့ ကဗျာတွေမှာ ထူးခြားမှုတစ်ခုက ရစ်သမ်လို့ခေါ်တဲ့ အသံဖွဲ့စည်းမှုပါ။ “မုဒိတာကမ်းပါးမှာ ဆူဆူအောင့်အောင့်နဲ့၊ လရောင်မျှားနေလိုက်ပုံများ” ဆိုတဲ့ အဖွဲ့ကလေးကတင် ဒီထူးခြားတဲ့ စကားလုံးအသံဖွဲ့စည်းမှုကို ထင်ဟပ်ပေါ်လွင်စေတာမို့ ကဗျာချစ်သူတို့ အတွက် ကဗျာရဲ့အလှ၊ ရစ်သမ်ရဲ့ သဘာဝကို ခံစားနိုင်စေကြမှာပါ။