အချစ်သို့တစ်ချက်ငဲ့ကြည့်စဉ်

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
ချန်လင်းဆိုတဲ့ သူက ပြည့်စုံကြွယ်ဝပြီး ရုပ်ရည်ချောမောသလောက် မာနတခွဲသား၊ ဟိတ်ကြီးဟန်ကြီး နိုင်ခဲ့တဲ့သူ။ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ် ရှိသူလို့ ဆိုရမလားပဲ။ သူ့ကို မြင်လိုက်ရင် အမြဲတမ်း သုန်မှုန်ပြီး တစ်လောကလုံးကို လုပ်ကျွေးထားရတဲ့ပုံမျိုး။ တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့တဲ့အထိ ဘယ်မိန်းမနဲ့မှလည်း မပတ်သက်ခဲ့တဲ့ ချန်လင်းကို သူငယ်ချင်းတွေကတော့ ဘုန်းကြီးသေလို့ ဝင်စားတဲ့ကောင်လို့ ခေါ်ကြတယ်။ သူ့မှာ ရင်ခုန်ဖူးတာမျိုး၊ စိတ်ဝင်စားဖူးတာမျိုး ဘယ်မိန်းမအပေါ်မှာမှ မရှိခဲ့ဖူးဘူး။ အချစ်ကို ငဲ့မကြည့် လှည့်မကြည့်ခဲ့တဲ့ ချန်လင်းပါပဲ။ ဒါပေမဲ့ အချစ်ကို တစ်ချက်လောက် ငဲ့ကြည့်စရာ အကြောင်းဖြစ်စဉ်တစ်ခုက သူ့ဘဝထဲ ဝင်လာခဲ့ပါတယ်။ မနက်ခင်းတစ်ခုမှာပေါ့။ သူ့ရဲ့ ဒေါသတကြီး အပြုအမူတစ်ခုကနေ စပြီးပေါ့။ ကောင်မလေးတစ်ယောက်ကို သူ ပထမဆုံး ငဲ့ကြည့်မိခဲ့တယ်။