စိတ်ကူးကံ့ကော်နှင့် အမြတ်နိုးဆုံး နှင်းပွင့်များ

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
ဒီစာအုပ်ကို စာရေးသူက အမှတ်တရစာ စုစည်းမှုများလို့ ဆိုပါတယ်။ တကယ်လည်း ဒီထဲမှာပါတဲ့ စာတွေက ဆရာမအတွက် အမှတ်တရဖြစ်စရာပါ။ (၁၉၉၉) ခုနှစ်၊ အောက်တိုဘာလ၊ အပျိုစင်မဂ္ဂဇင်းမှာပါခဲ့တဲ့ ဆရာမရဲ့ဘဝမှာ ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံခဲ့ရတဲ့ ‘စတေးနှလုံးသား’ ဝတ္ထုတိုအပါအဝင် တခြားအမှတ်ရစရာဝတ္ထုတိုတွေကို ဒီစာအုပ်ထဲမှာ မြင်တွေ့ရမှာပါ။ အတ္တနှင့်ကင်းကွာသော ချစ်ခြင်းဟူသည်မရှိ၊ မိန်းကလေးမာနနှင့် မိန်းမသားဘဝ၊ ယောက်ျားလေးတစ်ယောက်ကို ချစ်မိတဲ့အခါ၊ မိုးမနက်ခင်း၊ ချယ်ရီပင်အောက် နောက်တစ်ခေါက် ပြန်တွေ့တဲ့အထိ ... စတဲ့ ဝတ္ထုတိုတွေကို ဖတ်ရမယ်။ တစ်ပုဒ်ဆို ဆိုသလောက် နှလုံးသားကို ထိရှစေမယ့် အခြားဝတ္ထုတိုတွေကိုလည်း ခံစားနိုင်ဦးမှာ ဖြစ်ပါတယ်။