ဂျင်းဘောင်ဘီဝတ်ထားတဲ့မိုးတိမ်

ဆုမြတ်မွန်မွန်

800 Kyats ကျပ်
တစ်ခါတလေ ကိုယ့်ဘဝနဲ့ ကိုယ်ပျော်နေရင် တခြားသူတွေရဲ့ ဘဝကို သွားပြီးဒုက္ခမပေးတာ အကောင်းဆုံးပါပဲ။ အဓိကကတော့ အချစ်ပေါ့လေ။ ထားပါတော့ … ဒီဝတ္ထုအကြောင်းပြောရအောင်ပါ။ တည်မြဲနဲ့ ဂျင်ဂျာတို့တွဲလာခဲ့တာ ငယ်ငယ်လေးကတည်းက၊ အခုတော့ အသက်လည်း ၃၀ ဝန်းကျင်တွေ ဖြစ်ကုန်ကြပြီပေါ့။ သူတို့ သမီးရည်းစားသက်တမ်းက ဒီလောက်ကြာနေလို့ ယူပြီးပြီလို့ မထင်လိုက်နဲ့နော်။ မယူရသေးဘူး။ ဂျင်ဂျာက သူ့ရဲ့အလုပ်နဲ့ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတတ်တယ်။ တည်မြဲကတော့ ဂရုစိုက်ခံချင်တဲ့သူမျိုး။ အဲဒီမှာ သူတို့နှစ်ယောက်က သွေးပဲအေးလာတာလား၊ လမိုင်းပဲ မကပ်တော့တာလား ... တစ်ခုခုပဲ။ သေချာတာကတော့ တည်မြဲစိတ်ထဲမှာ မကျေနပ်မှုတွေက အစိုင်အခဲတစ်ခုအဖြစ် တည်ရှိပြီး ကြီးထွားလာတယ်။ အဲဒီလို အခြေအနေမျိုး ရောက်နေတဲ့ သူတို့ကြားထဲကို နွေဦးမိုးရွာနဲ့ နေဝန်းဆိုတဲ့ လူနှစ်ယောက်ဝင်ရောက်လာတဲ့အခါ …