မီးနဲ့မောင်

ဆုလေးနွယ်

800 Kyats ကျပ်
နေခြည်လွှာက လျှောက်လာနေသော သူ့ကို နှုတ်ခမ်းလေး ပွင့်ဟသွားအောင်ပင် မျက်လုံးဝိုင်းကလေးနှင့် ငေးနေမိ၏။ မနေ့ညက သူ့ကို ကြည့်ကောင်းလိုက်တာဟုသာ ထင်ခဲ့မိတာ။ လူချောလူသန့်တစ်ယောက်ပါလားဆိုတာ ခုမှ သေချာသွား၏။ ရှပ်အင်္ကျီ လိမ္မော်ရောင်ဖျော့ဖျော့လေးနှင့် နက်ပြာစင်း ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်နှင့် ရှူးဖိနပ်နှင့် ကော်လံမှာ တပ်ထားသော မြားနှစ်စင်းက ငွေရောင်လေး။ တကယ့်ကို သန့်ပြန့်သပ်ရပ်ပြီး ခမ်းနားဝင့်ထည်သော ယောက်ျားပီပီသသ စတိုင်။