ရဲရင့်ခြင်း ပန်းတစ်ခင်း

ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
မြင်မြင်ချင်း ငြိတွယ်မိကြတဲ့ ယောက်ျားပျိုတစ်ယောက်နဲ့ မိန်းမပျိုတစ်ယောက်တို့ဟာ မထင်မှတ်ထားတဲ့ ကံကြမ္မာရဲ့ ဇာတ်ကွက်တစ်ခုက သူတို့အတွက် အသင့်ရှိနေခဲ့တာကို မသိနိုင်ခဲ့ပါဘူး။ ရန်ကုန်- မော်လမြိုင်ရထားပေါ်မှာ ဆုံတွေ့ခဲကြရတဲ့ “ထစ်ချုန်းည” နဲ့ “ကတ္တီပါဝိုင်” တို့နှစ်ယောက်ကို အဲဒီကံကြမ္မာဆိုတာကြီးက လမ်းခရီးမှာ ပိုမိုနီးစပ်စေခဲ့ပြန်ပါတယ်။ မိုးသည်းသည်းမည်းမည်း ရွာချနေချိန် သူတို့နှစ်ယောက်ဟာ ရထားပျက်လို့ ကိုယ်မကျွမ်းဝင်တဲ့ နေရာဒေသတစ်ခုမှာ အတူတကွဖြတ်သန်းရင်း ချစ်ခြင်းတရားကလည်း မွေးဖွားလာခဲ့ပါတယ်။ ဒီလို ... မွေးဖွားလာတဲ့ ချစ်ခြင်းတရားနဲ့အတူ တစ်ညတာကို ကျော်လွန်ကုန်ဆုံးခဲ့ပြီးနောက် မနက်မိုးလင်းလို့ ရထားကြီး ထွက်တဲ့အခါ သူတို့ကို စောင့်နေတဲ့ ကံကြမ္မာရဲ့ ဇာတ်ကွက်ဟာ သူ့ကန့်လန်ကာကို ဖွင့်ချလိုက်တဲ့အခါမှာတော့ … ။