မိုးပြာရောင် အရုဏ်ဦး

ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
မိဘဆိုတာ ကိုယ်မရှိတော့တဲ့အခါ သားသမီးတွေကို စိတ်ချလိုက်ချ ချန်ထားခဲ့ချင်တာ ဓမ္မတာပါပဲ။ ဒီဓမ္မတာကို အကြောင်းပြုပြီးတော့ပဲ ဟိုးအရင်ကာလတွေကတည်းက ဆန်စက်ပိုင်ရှင်သူဌေးကြီးဟာ သမီးဖြစ်သူကို စက်မန်နေဂျာလူယုံနဲ့ ပေးစားခဲ့တာ၊ လယ်ပိုင်ရှင်သူဌေးကြီးက သမီးဖြစ်သူကို လူယုံလယ်သူရင်းငှားနဲ့ ပေးစားခဲ့တာတွေဟာ မရိုးနိုင်တဲ့ကိစ္စတွေအဖြစ် ရှိနေခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် သားသမီးဆိုတာကလည်း ကိုယ့်သာစုံမက်နေခဲ့ရင် အလွယ်တကူလက်ခံလိမ့်မယ် ဆိုပေမဲ့ မိဘက စီစဉ်တာချည်းသက်သက်ဆိုရင် လက်ခံဖို့ ခက်ခဲပါလိမ့်မယ်။ “မိန်မိန်” ဟာလည်း ကိုယ့်ငယ်စဉ်ကတည်းက အစ်ကိုကြီးတစ်ယောက်လို မှတ်ထင်ထားတဲ့ “ဂုဏ်ရောင်” နဲ့ လက်ထပ်ရဖို့ အဖေဖြစ်သူက စီစဉ်လာတဲ့အခါ လက်မခံနိုင်ခဲ့ပါဘူး။ ဂုဏ်ရောင်အတွက်ကတော့ မိန်မိန်ဟာ သူ့နှလုံးသား ဆင်စွယ်နန်းက မမျှော်မှန်းနိုင်ခဲ့တဲ့ နတ်သမီးလေးတစ်ပါးပါ။ “မျိုး” ဆိုတဲ့ မိန်းမတစ်ယောက်အတွက်လည်း ဂုဏ်ရောင်ဆိုတဲ့ ယောက်ျားတစ်ယောက်ကို တိတ်တခိုးမျှော်လင့်နေရခြင်းဟာ မျိုးအတွက် ဘဝပါပဲ။ ဒီလို သုံးပွင့်ဆိုင်ဘဝထဲကို အညှာလွယ်လွယ် မိန်းမပျိုတွေရဲ့ စူးတစ်ချောင်းအဖြစ် ထိုးစိုက်တတ်တဲ့ ယောက်ျားတစ်ယောက်ကလည်း ပါဝင်ပတ်သက်လာပြန်ပါတယ်။ ဒီလေးယောက်ရဲ့ ဆက်နွယ်မှုမှာ အချစ်စစ်အချစ်မှန်တို့ရဲ့ သွင်ပြင်ကို ဖော်ညွှန်းနေတာကတော့ .... ။