လှပတဲ့ အချစ်တစ်ခုအတွက်

ဆုလေးနွယ်(ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
❤ မနွယ်စံပယ်ကညာ က ခေတ်စကားနဲ့ပြောရရင် မေ့မေ့သမီးပေါ့... အမေကိုချစ်တယ်။ အမေပြောသမျှ နားထောင်တယ်။ အမေ့စကားကို မြေဝယ်မကျ နားထောင်တဲ့သမီး။ အခု အမေဖြစ်သူက ကျန်းမာရေးချူချာလာတယ်။ ဆရာဝန်ကလည်း စိတ်ချမ်းသာအောင် ထားဖို့ပြောလာတော့ နွယ်စံပယ် တစ်ယောက် အရူးမီးဝိုင်းပေါ့။ သူ့မင်္ဂလာဆောင်ကို တက်ချင်တယ်လို့ အမေကပြောလာပြီ။ သူ့မှာရည်းစားကလည်းမရှိ။ ဒါပေမယ့် အမေက သူ့မန်နေဂျာနဲ့ သဘောတူတယ်၊ မင်္ဂလာဆောင် ပေးဖို့စီစဉ်ထားတယ်တဲ့။ ❤ အမေ့မန်နေဂျာ နာမည်က မောင်ကြည်မိုး။ ရိုးသားတယ်။ ပြီးတော့ သူကလည်း နွယ်စံပယ်ကို ကြိတ်ချစ်နေတဲ့သူ။ ဒီတော့ အမေဖြစ်သူရဲ့ စကားကို နားထောင်ရတော့တာပေါ့။ မိဘတွေပေးစားလို့ ယူကြရမယ့် နွယ်စံပယ်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက သာယာပါ့မလား။ တတိယလူပေါ် လာမလားဆိုတာကတော့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ ပြည့်နေတဲ့ ဒီဝတ္ထုလေးကို ဖတ်ကြည့်ပါဦးလို့ ...