ပါးကြက္ခ်ိဳ

ဆုလေးနွယ်(ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
ဆရာမ ဆုလေးနွယ် (ရန်ကုန်တက္ကသိုလ်) ရဲ့ အချစ်နဲ့ မိသားစု မေတ္တာဖွဲ့ ဝတ္ထုရှည်တွေကို တရှိုက်မက်မက် ကြိုက်နှစ်သက်စွာ ဖတ်ရှုခဲ့ကြတဲ့ စာချစ်သူတွေအတွက် ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ ဆရာမရဲ့လက်ရာ ဝတ္ထုတိုလေးတွေကို စုစည်းထားတဲ့ စာအုပ်လေးပါ။ ဇာတ်လမ်းကောင်းကောင်း၊ ဇာတ်အိမ်ခိုင်ခိုင်၊ အဖွဲ့အနွဲ့ လှလှပပနဲ့ ဝတ္ထုရှည်တွေ အရေးကောင်းသလို တိုတိုထိထိ ရသဝတ္ထုတိုတွေကိုလည်း ဆရာမက ဘယ်လိုဖန်တီးထားသလဲ ဆိုတာကိုတော့ ဒီစာအုပ်မှာ ဖတ်ကြရမှာပါ။ အချစ်ကို နူးညံ့သိမ်မွေ့စွာ ပုံဖော်ထားတဲ့ ဝတ္ထုတိုတွေ ပါဝင်သလို၊ အိမ်ထောင်ရေး ပတ်ဝန်းကျင် အဖွဲ့အနွဲ့တွေ၊ လူ့ဘဝထဲက ဖြစ်ရပ်ဇာတ်ကြောင်းတွေကို တစ်ပုဒ်နဲ့တစ်ပုဒ် မတူခြားနားတဲ့ အရသာတစ်မျိုးစီ ခံစားကြရမှာပါ။ အချိန်လည်း အကြာကြီး ယူစရာမလိုဘဲ တစ်ပုဒ်ချင်းစီဖြစ်ဖြစ်၊ တစ်ပုဒ်ပြီးတစ်ပုဒ်ဖြစ်ဖြစ်၊ နှစ်သက်သလို ခံစားဖတ်ရှုရမယ့် ဝတ္ထုတိုစုစည်းမှုစာအုပ်လေးကို အခုပဲ ဖတ်ကြည့်လိုက်ကြရအောင်လား စာချစ်သူများခင်ဗျ။