ချစ်ခြင်းရဲ့ သံလိုက်စက်ကွင်းထဲမှာ

ဆုလေးနွယ်(ရန်ကုန်တက္ကသိုလ်)

800 Kyats ကျပ်
ညှာတခိုင်က ဆယ်တန်းပြီးကတည်းက နိုင်ငံခြားထွက်သွားတဲ့သူ။ မြန်မာနိုင်ငံကို ပြန်ရောက်နေတာလည်း မကြာသေးပါဘူး။ တစ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတုန်း ကန်ပေါင်သွားမယ်လို့ သူတောင်းဆိုတယ်။ တကယ်တော့ ကန်ပေါင်မှာ ဒါရိုက်တာ မိုးတိမ်တောက် ရဲ့ရိုက်ကွင်း ရှိမယ်ဆိုတာ သူသိနေလို့ပါ။ မိုးတိမ်တောက်က သူ့နယ်ပယ်မှာ အောင်မြင်နေတဲ့သူတစ်ယောက်။ သူက ညှာကို မြင်မြင်ချင်း စိတ်ဝင်စားမိသွားတယ်။ တကယ်တော့ ... သူက ညှာကို မမှတ်မိတာပါ ! ညှာကတော့ အပျိုပေါက်စလေးကတည်းက မိုးတိမ်တောက်ကို စွဲလမ်းခဲ့ရသူ။ နောက်ပြီး မိုးတိမ်တောက်နဲ့ ညှာရဲ့ မိသားစုကြားမှာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကလည်း ရှိနေသေးပါတယ်။ ဒီဇာတ်လမ်းက ကိုယ်မျှော်လင့်ထားတာထက် ပိုတဲ့ စိတ်ဝင်စားမှုကို ပေးထားနိုင်တယ်လို့ ပြောရမယ်။ သူတို့နှစ်ယောက်ရဲ့ အတိတ်နဲ့အနာဂတ်မှာ ဘာတွေဖြစ်လို့ ဘာတွေ ဆက်ဖြစ်ကြမှာလဲ ? သူတို့ရဲ့ ရင်ခုန်သံတွေကရော ... ဘယ်လိုရှိနေမလဲ ?